4. အကြောင်းမူကား ကိုယ်တော်သည် အားနည်းခြင်းထဲတွင် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံခဲ့ရသော်လည်း ဘုရားသခင်၏တန်ခိုးတော်အားဖြင့် အသက်ရှင်တော်မူ၏။ ထိုနည်းတူ ငါတို့သည်လည်း ကိုယ်တော်၌ အားနည်းကြသော်လည်း သင်တို့ရှေ့၌ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။
5. သင်တို့သည် ယုံကြည်ခြင်း၌တည်နေခြင်းရှိမရှိ မိမိကိုယ်ကိုစမ်းသပ်ကြလော့။ မိမိကိုယ်ကိုစစ်ဆေးကြလော့။ သင်တို့အထဲ၌ ယေရှုခရစ်တော်ရှိကြောင်း သင်တို့ကိုယ်တိုင်မသိကြသလော။ သို့မဟုတ် သင်တို့သည် စုံစမ်းစစ်ဆေးခြင်း၌ကျရှုံးသောသူများဖြစ်လေပြီလော။
6. ငါတို့သည် စုံစမ်းစစ်ဆေးခြင်း၌ကျရှုံးသောသူများမဟုတ်ကြောင်း သင်တို့သိမည်ဟု ငါမျှော်လင့်၏။
7. သင်တို့သည် မကောင်းသောအမှုတစ်စုံတစ်ခုကိုမျှ မပြုမည့်အကြောင်း ဘုရားသခင်ထံ ငါတို့ဆုတောင်းကြ၏။ ဤသို့ဆိုခြင်းမှာ စုံစမ်းစစ်ဆေးခြင်းကို ငါတို့အောင်မြင်ကြောင်းထင်ရှားစေရန်အတွက်မဟုတ်ဘဲ ငါတို့သည် စုံစမ်းစစ်ဆေးခြင်း၌ကျရှုံးသောသူများကဲ့သို့ဖြစ်ကြလျှင်ပင် သင်တို့သည် ကောင်းသောအမှုကိုပြုနိုင်ရန်အတွက်ဖြစ်၏။