1. ယခု တတိယအကြိမ် သင်တို့ထံသို့ ငါလာခဲ့မည်။ သက်သေနှစ်ဦး သို့မဟုတ် သုံးဦး၏ထွက်ဆိုချက်အားဖြင့် စကားအားလုံးသည် အတည်ပြုခြင်းခံရလိမ့်မည်။
2. ယခင် အပြစ်ကျူးလွန်ခဲ့သူများနှင့် အခြားသောသူအပေါင်းတို့အား ဒုတိယအကြိမ်ရောက်ခဲ့စဉ်က ငါသတိပေးခဲ့သည့်အတိုင်း ယခု သင်တို့နှင့်ကွဲကွာနေစဉ် ငါသတိပေးသည်ကား ငါသည် နောက်တစ်ဖန်ရောက်လာလျှင် ညှာတာလိမ့်မည်မဟုတ်။
3. အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည် ငါ့အားဖြင့်မြွက်ဆိုနေသည်ဟူသောသက်သေသာဓကကို သင်တို့တွေ့မြင်လိုကြသောကြောင့်ဖြစ်၏။ ကိုယ်တော်သည် သင်တို့တွင်အားနည်းတော်မမူ။ သင်တို့အထဲ၌ တန်ခိုးနှင့်ပြည့်စုံတော်မူ၏။
4. အကြောင်းမူကား ကိုယ်တော်သည် အားနည်းခြင်းထဲတွင် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံခဲ့ရသော်လည်း ဘုရားသခင်၏တန်ခိုးတော်အားဖြင့် အသက်ရှင်တော်မူ၏။ ထိုနည်းတူ ငါတို့သည်လည်း ကိုယ်တော်၌ အားနည်းကြသော်လည်း သင်တို့ရှေ့၌ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။