ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 12:16-21 Myanmar Standard Bible (MSB)

16. ငါ​သည် သင်​တို့​အ​တွက် ဝန်​ထုပ်​ဝန်​ပိုး​မ​ဖြစ်​ခဲ့​သော်​လည်း ပါး​နပ်​သော​သူ​ဖြစ်​၍ ပ​ရိ​ယာယ်​အား​ဖြင့် သင်​တို့​ထံ​မှ ရ​ယူ​ခဲ့​သည်​ဟု​ဆို​ကြ​လျှင်

17. သင်​တို့​ထံ​သို့ ငါ​စေ​လွှတ်​ခဲ့​သော​သူ​များ​ထဲ​မှ တစ်​စုံ​တစ်​ဦး​အား​ဖြင့် သင်​တို့​ကို ငါ​အ​မြတ်​ထုတ်​ခဲ့​ဖူး​သ​လော။

18. ငါ​သည် တိ​တု​ကို သင်​တို့​ထံ​သို့​လာ​ရန် တိုက်​တွန်း​၍ သူ​နှင့်​အ​တူ ညီ​အစ်​ကို​တစ်​ဦး​ကို​စေ​လွှတ်​ခဲ့​၏။ တိ​တု​သည် သင်​တို့​ကို အ​မြတ်​ထုတ်​ခဲ့​သ​လော။ ငါ​တို့​သည် တူ​ညီ​သော​စိတ်​သ​ဘော​ဖြင့် ခြေ​ရာ​တစ်​ထပ်​တည်း​လျှောက်​လှမ်း​ခဲ့​ကြ​သည် မ​ဟုတ်​လော။

19. ငါ​တို့​သည် သင်​တို့​ရှေ့​၌ မိ​မိ​တို့​ကိုယ်​ကို ကာ​ကွယ်​ပြော​ဆို​နေ​ကြ​သည်​ဟု တစ်​ချိန်​လုံး သင်​တို့​ထင်​မှတ်​နေ​ကြ​သ​လော။ ငါ​တို့​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ခ​ရစ်​တော်​ကို​အ​မှီ​ပြု​၍ ပြော​ဆို​နေ​ကြ​၏။ ချစ်​ရ​သော​သူ​တို့၊ အ​ရာ​အား​လုံး​သည် သင်​တို့​၏​တည်​ဆောက်​စ​ရာ​အ​တွက်​ဖြစ်​၏။

20. ငါ​ရောက်​လာ​သော​အ​ခါ အ​ကြောင်း​တစ်​စုံ​တစ်​ခု​ကြောင့် သင်​တို့​ကို ငါ​တွေ့​မြင်​လို​သည့်​အ​တိုင်း မ​တွေ့​မြင်​ရ​သ​ကဲ့​သို့ ငါ့​ကို​လည်း သင်​တို့​တွေ့​မြင်​လို​သည့်​အ​တိုင်း မ​တွေ့​မြင်​ရ​မည်​ကို​လည်း​ကောင်း၊ ပ​ဋိ​ပက္ခ​ဖြစ်​ခြင်း၊ မ​နာ​လို​ခြင်း၊ ဒေါ​သ​ကြီး​ခြင်း၊ တစ်​ကိုယ်​ကောင်း​ဆန်​ခြင်း၊ ပုတ်​ခတ်​ပြော​ဆို​ခြင်း၊ အ​တင်း​အ​ဖျင်း​ပြော​ဆို​ခြင်း၊ မာ​န​ထောင်​လွှား​ခြင်း​နှင့် ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​များ ရှိ​မည်​ကို​လည်း​ကောင်း ငါ​စိုး​ရိမ်​၏။

21. နောက်​တစ်​ဖန် ငါ​လာ​သော​အ​ခါ ဘု​ရား​သ​ခင်​သည် သင်​တို့​ရှေ့​၌ ငါ့​ကို​နှိမ့်​ချ​တော်​မူ​၍ ယ​ခင်​က အ​ပြစ်​ကျူး​လွန်​ခဲ့​လျက်​ပင် မိ​မိ​တို့​ပြု​ကျင့်​ခဲ့​သည့် ညစ်​ညူး​ခြင်း၊ တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​နှင့် ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း​တို့​ကို နောင်​တ​မ​ရ​သေး​သော​သူ​များ​စွာ​ရှိ​သည့်​အ​တွက် ငါ​ဝမ်း​နည်း​ကြေ​ကွဲ​ရ​မည်​ကို​လည်း ငါ​စိုး​ရိမ်​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 12