13. ငါကိုယ်တိုင်သည် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ခဲ့ခြင်းမှတစ်ပါး သင်တို့၌ အခြားသောအသင်းတော်များထက် ပို၍ဂုဏ်ငယ်စရာအကြောင်း တစ်စုံတစ်ခုရှိသလော။ ဤမမျှတမှုအတွက် ငါ့ကိုခွင့်လွှတ်ကြလော့။
14. ယခု ငါသည် သင်တို့ထံသို့ တတိယအကြိမ်လာရန် အသင့်ရှိ၏။ သို့သော် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်မဟုတ်။ အကြောင်းမူကား ငါသည် သင်တို့၏ဥစ္စာများကို အလိုရှိသည်မဟုတ်။ သင်တို့ကိုသာ အလိုရှိ၏။ သားသမီးတို့သည် မိဘတို့အတွက် စုဆောင်းရသည်မဟုတ်ဘဲ မိဘတို့ကသာ သားသမီးတို့အတွက် စုဆောင်းရ၏။
15. ငါသည် သင်တို့၏စိတ်ဝိညာဉ်အတွက် ဝမ်းမြောက်စွာ ငါ့ဥစ္စာကိုအသုံးပြု၍ ငါ့ကိုယ်ကိုလည်း အကုန်အစင်အသုံးပြုမည်။ သင်တို့အပေါ် ငါ၏ချစ်ခြင်းမေတ္တာတိုးပွားလာလျှင် ငါ့အပေါ် သင်တို့၏ချစ်ခြင်းမေတ္တာလျော့ပါးသွားမည်လော။
16. ငါသည် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ခဲ့သော်လည်း ပါးနပ်သောသူဖြစ်၍ ပရိယာယ်အားဖြင့် သင်တို့ထံမှ ရယူခဲ့သည်ဟုဆိုကြလျှင်
17. သင်တို့ထံသို့ ငါစေလွှတ်ခဲ့သောသူများထဲမှ တစ်စုံတစ်ဦးအားဖြင့် သင်တို့ကို ငါအမြတ်ထုတ်ခဲ့ဖူးသလော။