ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 12:13-15 Myanmar Standard Bible (MSB)

13. ငါ​ကိုယ်​တိုင်​သည် သင်​တို့​အ​တွက် ဝန်​ထုပ်​ဝန်​ပိုး​မ​ဖြစ်​ခဲ့​ခြင်း​မှ​တစ်​ပါး သင်​တို့​၌ အ​ခြား​သော​အ​သင်း​တော်​များ​ထက် ပို​၍​ဂုဏ်​ငယ်​စ​ရာ​အ​ကြောင်း တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ ဤ​မ​မျှ​တ​မှု​အ​တွက် ငါ့​ကို​ခွင့်​လွှတ်​ကြ​လော့။

14. ယ​ခု ငါ​သည် သင်​တို့​ထံ​သို့ တ​တိ​ယ​အ​ကြိမ်​လာ​ရန် အ​သင့်​ရှိ​၏။ သို့​သော် သင်​တို့​အ​တွက် ဝန်​ထုပ်​ဝန်​ပိုး​ဖြစ်​စေ​မည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား ငါ​သည် သင်​တို့​၏​ဥစ္စာ​များ​ကို အ​လို​ရှိ​သည်​မ​ဟုတ်။ သင်​တို့​ကို​သာ အ​လို​ရှိ​၏။ သား​သ​မီး​တို့​သည် မိ​ဘ​တို့​အ​တွက် စု​ဆောင်း​ရ​သည်​မ​ဟုတ်​ဘဲ မိ​ဘ​တို့​က​သာ သား​သ​မီး​တို့​အ​တွက် စု​ဆောင်း​ရ​၏။

15. ငါ​သည် သင်​တို့​၏​စိတ်​ဝိ​ညာဉ်​အ​တွက် ဝမ်း​မြောက်​စွာ ငါ့​ဥစ္စာ​ကို​အ​သုံး​ပြု​၍ ငါ့​ကိုယ်​ကို​လည်း အ​ကုန်​အ​စင်​အ​သုံး​ပြု​မည်။ သင်​တို့​အ​ပေါ် ငါ​၏​ချစ်​ခြင်း​မေတ္တာ​တိုး​ပွား​လာ​လျှင် ငါ့​အ​ပေါ် သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​လျော့​ပါး​သွား​မည်​လော။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 12