27. ကြိုးပမ်းအားထုတ်ခြင်းနှင့် ပင်ပန်းခက်ခဲခြင်း၊ မကြာခဏအိပ်ရေးပျက်ခြင်း၊ အစာငတ်ခြင်းနှင့် ရေငတ်ခြင်း၊ မကြာခဏ အစာပြတ်လပ်ခြင်း၊ ချမ်းအေးဒဏ်ခံရခြင်းနှင့် အဝတ်အချည်းစည်းနေရခြင်းတို့ကိုလည်း ကြုံတွေ့ခဲ့ရ၏။
28. ဤပြင်ပမှ ဘေးဒုက္ခများအပြင် အသင်းတော်အားလုံးအတွက် စိုးရိမ်ပူပန်ခြင်းသည်လည်း နေ့စဉ်နှင့်အမျှ ငါ့ကိုဖိစီးနေ၏။
29. တစ်စုံတစ်ဦးအားနည်းသည့်အခါ ငါသည် အားမနည်းဘဲ နေနိုင်မည်လော။ တစ်စုံတစ်ဦးမှားယွင်းသည့်အခါ ငါသည် ပူပန်ခြင်းမရှိဘဲ နေနိုင်မည်လော။
30. ငါသည် ဝါကြွားရမည်ဆိုလျှင် ငါ၏အားနည်းခြင်းနှင့်ပတ်သက်သောအရာများကို ငါဝါကြွားမည်။
31. ငါမုသားမသုံးကြောင်း သခင်ယေရှု၏ခမည်းတော်ဖြစ်တော်မူသော ကာလအစဉ်အဆက်မင်္ဂလာရှိသည့် ဘုရားသခင်သိတော်မူ၏။
32. ဒမတ်စကပ်မြို့တွင် အရေတမင်းကြီးခန့်ထားသောမြို့ဝန်သည် ငါ့ကိုဖမ်းဆီးရန်အတွက် ဒမတ်စကပ်မြို့ကို ပိတ်ဆို့စောင့်ကြပ်ထားခဲ့၏။
33. သို့သော် ငါ့ကို တောင်းထဲထည့်၍ ပြတင်းပေါက်မှတစ်ဆင့် မြို့ရိုးပေါ်မှလျှောချခဲ့ကြသောကြောင့် ငါသည် သူ၏လက်မှ လွတ်မြောက်ခဲ့ရ၏။