ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 11:19-33 Myanmar Standard Bible (MSB)

19. အ​မှန်​စင်​စစ် သင်​တို့​သည် ပ​ညာ​သ​တိ​ရှိ​သော​သူ​များ​ဖြစ်​သော​ကြောင့် မိုက်​မဲ​သော​သူ​တို့​ကို ဝမ်း​မြောက်​စွာ​သည်း​ခံ​ကြ​၏။

20. တစ်​စုံ​တစ်​ယောက်​သည် သင်​တို့​ကို ကျွန်​ပြု​သည်​ဖြစ်​စေ၊ အ​ခွင့်​ကောင်း​ယူ​သည်​ဖြစ်​စေ၊ လု​ယူ​သည်​ဖြစ်​စေ၊ အ​ထင်​အ​မြင်​သေး​သည်​ဖြစ်​စေ၊ ပါး​ရိုက်​သည်​ဖြစ်​စေ သင်​တို့​သည် သည်း​ခံ​ကြ​၏။

21. ငါ​တို့​သည် ထို​သို့​ပြု​ရန် အား​နည်း​ခဲ့​ကြောင်း ရှက်​ရွံ့​စွာ​ပင် ငါ​ဝန်​ခံ​၏။ သို့​သော် တစ်​ဦး​တစ်​ယောက်​သည် တစ်​စုံ​တစ်​ခု​သော​အ​ရာ​၌ ဝါ​ကြွား​ဝံ့​သည်​ဆို​လျှင် ငါ​လည်း​ဝါ​ကြွား​ဝံ့​သည်​ဟု မိုက်​မဲ​စွာ​ငါ​ပြော​၏။

22. သူ​တို့​သည် ဟေ​ဗြဲ​လူ​မျိုး​ဖြစ်​ကြ​သ​လော။ ငါ​လည်း​ဖြစ်​၏။ သူ​တို့​သည် အစ္စ​ရေး​လူ​မျိုး​ဖြစ်​ကြ​သ​လော။ ငါ​လည်း​ဖြစ်​၏။ သူ​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး​အ​နွယ်​ဖြစ်​ကြ​သ​လော။ ငါ​လည်း​ဖြစ်​၏။

23. သူ​တို့​သည် ခ​ရစ်​တော်​၏​အ​စေ​ခံ​ဖြစ်​ကြ​သ​လော။ ငါ​သည် ပို​၍​ပင်​ဖြစ်​၏​ဟု ရူး​သွပ်​နေ​သူ​တစ်​ဦး​ကဲ့​သို့ ငါ​ဆို​၏။ ငါ​သည် ပို​၍​ကြိုး​ပမ်း​အား​ထုတ်​လျက် အ​ကြိမ်​ပေါင်း​များ​စွာ​အ​ကျဉ်း​ချ​ခံ​ရ​လျက် ပို​၍​များ​စွာ​ရိုက်​နှက်​ခြင်း​ခံ​ရ​လျက် သေ​ဘေး​နှင့် မ​ကြာ​ခ​ဏ​ရင်​ဆိုင်​ရ​၏။

24. ငါ​သည် ဂျူး​လူ​မျိုး​တို့​၏​အ​ချက်​လေး​ဆယ် တစ်​ချက်​လျော့ ရိုက်​နှက်​ခြင်း​ကို ငါး​ကြိမ်​ခံ​ခဲ့​ရ​၏။

25. ကြိမ်​လုံး​နှင့်​ရိုက်​နှက်​ခြင်း​ကို သုံး​ကြိမ်၊ ခဲ​နှင့်​ပေါက်​ခြင်း​ကို တစ်​ကြိမ် ခံ​ခဲ့​ရ​၏။ သင်္ဘော​ပျက်​စီး​ရာ​၌ သုံး​ကြိမ်​ပါ​၍ ပင်​လယ်​ပြင်​တွင် တစ်​နေ့​နှင့်​တစ်​ည မျော​ခဲ့​ရ​၏။

26. မ​ကြာ​ခ​ဏ ခ​ရီး​ထွက်​၍ မြစ်​ချောင်း​တို့​၌​ကြုံ​ရ​သော​ဘေး၊ ဓား​ပြ​တို့​၏​ဘေး၊ ကိုယ့်​လူ​မျိုး​တို့​ပြု​သော​ဘေး၊ လူ​မျိုး​ခြား​တို့​ပြု​သော​ဘေး၊ မြို့​တွင်း​၌​ကြုံ​ရ​သော​ဘေး၊ တော​ကန္တာ​ရ​၌​ကြုံ​ရ​သော​ဘေး၊ ပင်​လယ်​ထဲ​၌​ကြုံ​ရ​သော​ဘေး၊ ညီ​အစ်​ကို​အ​တု​အ​ယောင်​များ​ပြု​သော​ဘေး စ​သည်​တို့​နှင့် ရင်​ဆိုင်​ခဲ့​ရ​၏။

27. ကြိုး​ပမ်း​အား​ထုတ်​ခြင်း​နှင့် ပင်​ပန်း​ခက်​ခဲ​ခြင်း၊ မ​ကြာ​ခ​ဏ​အိပ်​ရေး​ပျက်​ခြင်း၊ အ​စာ​ငတ်​ခြင်း​နှင့် ရေ​ငတ်​ခြင်း၊ မ​ကြာ​ခ​ဏ အ​စာ​ပြတ်​လပ်​ခြင်း၊ ချမ်း​အေး​ဒဏ်​ခံ​ရ​ခြင်း​နှင့် အ​ဝတ်​အ​ချည်း​စည်း​နေ​ရ​ခြင်း​တို့​ကို​လည်း ကြုံ​တွေ့​ခဲ့​ရ​၏။

28. ဤ​ပြင်​ပ​မှ ဘေး​ဒုက္ခ​များ​အ​ပြင် အ​သင်း​တော်​အား​လုံး​အ​တွက် စိုး​ရိမ်​ပူ​ပန်​ခြင်း​သည်​လည်း နေ့​စဉ်​နှင့်​အ​မျှ ငါ့​ကို​ဖိ​စီး​နေ​၏။

29. တစ်​စုံ​တစ်​ဦး​အား​နည်း​သည့်​အ​ခါ ငါ​သည် အား​မ​နည်း​ဘဲ နေ​နိုင်​မည်​လော။ တစ်​စုံ​တစ်​ဦး​မှား​ယွင်း​သည့်​အ​ခါ ငါ​သည် ပူ​ပန်​ခြင်း​မ​ရှိ​ဘဲ နေ​နိုင်​မည်​လော။

30. ငါ​သည် ဝါ​ကြွား​ရ​မည်​ဆို​လျှင် ငါ​၏​အား​နည်း​ခြင်း​နှင့်​ပတ်​သက်​သော​အ​ရာ​များ​ကို ငါ​ဝါ​ကြွား​မည်။

31. ငါ​မု​သား​မ​သုံး​ကြောင်း သ​ခင်​ယေ​ရှု​၏​ခ​မည်း​တော်​ဖြစ်​တော်​မူ​သော ကာ​လ​အ​စဉ်​အ​ဆက်​မင်္ဂ​လာ​ရှိ​သည့် ဘု​ရား​သ​ခင်​သိ​တော်​မူ​၏။

32. ဒ​မတ်​စ​ကပ်​မြို့​တွင် အ​ရေ​တ​မင်း​ကြီး​ခန့်​ထား​သော​မြို့​ဝန်​သည် ငါ့​ကို​ဖမ်း​ဆီး​ရန်​အ​တွက် ဒ​မတ်​စ​ကပ်​မြို့​ကို ပိတ်​ဆို့​စောင့်​ကြပ်​ထား​ခဲ့​၏။

33. သို့​သော် ငါ့​ကို တောင်း​ထဲ​ထည့်​၍ ပြ​တင်း​ပေါက်​မှ​တစ်​ဆင့် မြို့​ရိုး​ပေါ်​မှ​လျှော​ချ​ခဲ့​ကြ​သော​ကြောင့် ငါ​သည် သူ​၏​လက်​မှ လွတ်​မြောက်​ခဲ့​ရ​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 11