ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 11:15-19 Myanmar Standard Bible (MSB)

15. သို့​ဖြစ်​၍ စာ​တန်​၏​အ​မှု​ဆောင်​တို့​သည်​လည်း ဖြောင့်​မတ်​ခြင်း​၏​အ​မှု​ဆောင်​အ​ဖြစ် ယောင်​ဆောင်​ကြ​လျှင် အံ့​ဩ​စ​ရာ​မ​ဟုတ်။ ထို​သူ​တို့​၏​နိ​ဂုံး​သည် မိ​မိ​တို့​ပြု​သော​အ​မှု​များ​အ​တိုင်း​ဖြစ်​လိမ့်​မည်။

16. တစ်​ဖန် ငါ​ဆို​သည်​ကား ငါ့​ကို မိုက်​မဲ​သော​သူ​ဖြစ်​သည်​ဟု မည်​သူ​မျှ မ​ထင်​မှတ်​စေ​နှင့်။ သို့​သော် သင်​တို့​သည် ထို​သို့​ထင်​မှတ်​ခဲ့​လျှင် ငါ​၌ ဝါ​ကြွား​စ​ရာ​အ​ခွင့်​အ​နည်း​ငယ်​ရှိ​စေ​ရန် ငါ့​ကို မိုက်​မဲ​သော​သူ​အ​ဖြစ်​ပင် လက်​ခံ​ကြ​လော့။

17. ငါ​သည် ဤ​ကဲ့​သို့ ရဲ​ရင့်​စွာ​ဝါ​ကြွား​ပြော​ဆို​ခြင်း​မှာ သ​ခင်​ဘု​ရား​အား​ဖြင့် ပြော​ဆို​သည်​မ​ဟုတ်​ဘဲ မိုက်​မဲ​သော​သူ​ကဲ့​သို့ ပြော​ဆို​ခြင်း​ဖြစ်​၏။

18. လူ​များ​စွာ​တို့​သည် ဇာ​တိ​သ​ဘော​ဖြင့် ဝါ​ကြွား​ကြ​သည်​ဖြစ်​၍ ငါ​သည်​လည်း ဝါ​ကြွား​မည်။

19. အ​မှန်​စင်​စစ် သင်​တို့​သည် ပ​ညာ​သ​တိ​ရှိ​သော​သူ​များ​ဖြစ်​သော​ကြောင့် မိုက်​မဲ​သော​သူ​တို့​ကို ဝမ်း​မြောက်​စွာ​သည်း​ခံ​ကြ​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 11