ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 11:1-12 Myanmar Standard Bible (MSB)

1. ငါ​၏​အ​နည်း​ငယ်​သော​မိုက်​မဲ​မှု​အ​တွက် ငါ့​ကို​သည်း​ခံ​စေ​လို​ပါ​၏။ မည်​သို့​ပင်​ဖြစ်​စေ သင်​တို့​သည် ငါ့​ကို​သည်း​ခံ​ကြ​၏။

2. ဤ​သို့​ဆို​ရ​ခြင်း​မှာ ငါ​သည် ဘု​ရား​သ​ခင်​၏​သ​ဝန်​တို​စိတ်​မျိုး​ဖြင့် သင်​တို့​ကို သ​ဝန်​တို​၏။ အ​ကြောင်း​မူ​ကား ငါ​သည် သင်​တို့​ကို ဖြူ​စင်​သန့်​ရှင်း​သော​အ​ပျို​က​ညာ​အ​ဖြစ် ခ​ရစ်​တော်​အား​ဆက်​သ​လျက် ထို​တစ်​ဦး​တည်း​သော​ခင်​ပွန်း​နှင့်​စေ့​စပ်​ကြောင်း​လမ်း​ထား​ပြီ​ဖြစ်​၏။

3. သို့​သော် မြွေ​သည် မိ​မိ​၏​ပ​ရိ​ယာယ်​အား​ဖြင့် ဧ​ဝ​ကို​လှည့်​ဖြား​သ​ကဲ့​သို့ အ​ကြောင်း​တစ်​စုံ​တစ်​ခု​ကြောင့် သင်​တို့​၏​စိတ်​နှ​လုံး​သည် ခ​ရစ်​တော်​အ​ပေါ်​၌​ထား​ရှိ​သော ရိုး​သား​ဖြူ​စင်​ခြင်း​မှ​သွေ​ဖည်​သွား​မည်​ကို ငါ​စိုး​ရိမ်​၏။

4. အ​ကြောင်း​မူ​ကား တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​လာ​၍ ငါ​တို့​မ​ဟော​ပြော​ခဲ့​သည့် အ​ခြား​သော​ယေ​ရှု​အ​ကြောင်း​ကို ဟော​ပြော​လျှင်​ဖြစ်​စေ၊ သင်​တို့​မ​ရ​ရှိ​ဖူး​သော အ​ခြား​ဝိ​ညာဉ်​ကို သင်​တို့​ရ​ရှိ​လျှင်​ဖြစ်​စေ၊ သင်​တို့​မ​ခံ​ယူ​ခဲ့​သော အ​ခြား​ကောင်း​မြတ်​သော​သ​တင်း​ကို သင်​တို့​ခံ​ယူ​လျှင်​ဖြစ်​စေ သင်​တို့​သည် ကောင်း​စွာ​သည်း​ခံ​နေ​ကြ​၏။

5. အ​မှန်​စင်​စစ် ငါ​သည် ထိပ်​တန်း​တ​မန်​တော်​များ​ထက် အ​နည်း​ငယ်​မျှ​မ​ညံ့​ဟု ငါ​ထင်​မှတ်​၏။

6. ငါ​သည် အ​ဟော​အ​ပြော​ပိုင်း​၌ ကျွမ်း​ကျင်​မှု​မ​ရှိ​လျှင်​ပင် အ​သိ​ပ​ညာ​ပိုင်း​၌​မူ​ကား ထို​သို့​မ​ဟုတ်​ပေ။ ငါ​တို့​သည် ဤ​အ​ချက်​ကို အ​ရာ​ရာ​၌ နည်း​အ​မျိုး​မျိုး​ဖြင့် သင်​တို့​ထံ ထင်​ရှား​စေ​ခဲ့​ပြီ။

7. သင်​တို့​ချီး​မြှောက်​ခြင်း​ခံ​ရ​ဖို့​ရန် ငါ​သည် မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​လျက် ဘု​ရား​သ​ခင်​၏​ကောင်း​မြတ်​သော​သ​တင်း​ကို သင်​တို့​အား အ​ခ​မဲ့​ဟော​ပြော​ခြင်း​ဖြင့် အ​ပြစ်​ကျူး​လွန်​ခဲ့​သ​လော။

8. ငါ​သည် သင်​တို့​အ​မှု​ကို​ဆောင်​ရွက်​ရန် အ​ခြား​သော​အ​သင်း​တော်​များ​ထံ​မှ စ​ရိတ်​တောင်း​ယူ​ခြင်း​အား​ဖြင့် သူ​တို့​ကို​လု​ယူ​ခဲ့​၏။

9. မာ​ကေ​ဒေါ​နိ​ပြည်​မှ​လာ​သော ညီ​အစ်​ကို​များ​သည် ငါ​လို​အပ်​သည့်​အ​ရာ​ကို ဖြည့်​ဆည်း​ပေး​ခဲ့​သည်​ဖြစ်​၍ ငါ​သည် သင်​တို့​နှင့်​အ​တူ​ရှိ​စဉ် လို​အပ်​ချက်​ရှိ​သည့်​အ​ခါ မည်​သူ့​အ​တွက်​မျှ ဝန်​ထုပ်​ဝန်​ပိုး​မ​ဖြစ်​ခဲ့​ပေ။ ငါ​သည် သင်​တို့​အ​တွက် ဝန်​ထုပ်​ဝန်​ပိုး​မ​ဖြစ်​စေ​ရန် မိ​မိ​ကိုယ်​ကို အ​ရာ​ရာ​၌​စောင့်​စည်း​ခဲ့​သည့်​နည်း​တူ နောင်​၌​လည်း စောင့်​စည်း​ဦး​မည်။

10. ခ​ရစ်​တော်​၏​သမ္မာ​တ​ရား​သည် ငါ​၌​ရှိ​သည်​နှင့်​အ​ညီ ငါ​၌​ရှိ​သည့် ဤ​ဂုဏ်​ယူ​ဝါ​ကြွား​ခြင်း​ကို အ​ခါ​ယ​ပြည်​တစ်​လျှောက်​၌ မည်​သူ​မျှ ပိတ်​ပင်​၍​ရ​မည်​မ​ဟုတ်။

11. အ​ဘယ်​ကြောင့်​နည်း။ ငါ​သည် သင်​တို့​ကို​မ​ချစ်​သော​ကြောင့်​လော။ ငါ​ချစ်​ကြောင်း ဘု​ရား​သ​ခင်​သိ​တော်​မူ​၏။

12. သို့​ရာ​တွင် ငါ​တို့​ကဲ့​သို့ ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ရှိ​စေ​မည့်​အ​ခွင့်​ကို ရ​ယူ​လို​သော​သူ​တို့​ထံ​မှ ထို​အ​ခွင့်​ကို​ဖြတ်​တောက်​ရန် ငါ​ပြု​နေ​သည့်​အ​ရာ​ကို ဆက်​၍​ပြု​ဦး​မည်။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 11