5. ဘုရားသခင်ကိုသိသောဉာဏ်ကို ဆန့်ကျင်တားဆီးသည့် စဉ်းစားဆင်ခြင်မှုနှင့်မာန်မာနရှိသမျှတို့ကိုဖြိုဖျက်၍ ခပ်သိမ်းသောတွေးတောကြံစည်မှုများကို ဖမ်းဆီးချုပ်နှောင်ကာ ခရစ်တော်အား နာခံစေကြ၏။
6. သင်တို့သည် နာခံမှုနှင့်ပြည့်စုံသောအခါ မနာခံမှုရှိသမျှတို့ကို တရားသဖြင့်စီရင်ရန် ငါတို့အသင့်ရှိကြ၏။
7. သင်တို့သည် အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်နေကြ၏။ မည်သူမဆို မိမိကိုယ်ကို ခရစ်တော်နှင့်ဆိုင်သောသူဖြစ်သည်ဟု ယုံမှတ်လျှင် သူသည် ခရစ်တော်နှင့်ဆိုင်သောသူဖြစ်သကဲ့သို့ ငါတို့သည်လည်း ခရစ်တော်နှင့်ဆိုင်သောသူဖြစ်ကြောင်း သူကိုယ်တိုင် ပြန်လည်ဆင်ခြင်သိမှတ်ပါစေ။
8. အကြောင်းမူကား သင်တို့ကိုဖြိုဖျက်ရန်အတွက်မဟုတ်ဘဲ တည်ဆောက်ရန်အတွက် သခင်ဘုရားပေးတော်မူသော ငါတို့၏အခွင့်အာဏာနှင့်ပတ်သက်၍ ငါသည် အနည်းငယ်ပို၍ ဝါကြွားမိခဲ့လျှင်ပင် ရှက်ကြောက်မည်မဟုတ်။
9. ငါသည် သင်တို့ကို စာများဖြင့်ခြောက်လှန့်နေသည်ဟု မထင်မှတ်စေလိုပေ။
10. အကြောင်းမူကား “ပေါလု၏စာများသည် လေးနက်၍ ဩဇာပါသော်လည်း လူကိုယ်တိုင်တွေ့ရသောအခါ သူသည် အားနည်း၍ သူ၏အဟောအပြောသည်လည်း အထင်ကြီးဖွယ်မရှိ”ဟု ဆိုသောသူရှိ၏။
11. ငါတို့သည် အဝေး၌ရှိနေစဉ် စာ၌ရေးလိုက်သည့်စကားအတိုင်း ကိုယ်တိုင်ရောက်လာသောအခါ၌လည်း ပြုမည်ဖြစ်ကြောင်း ထိုသူသိမှတ်ပါစေ။
12. အကြောင်းမူကား ငါတို့သည် မိမိကိုယ်ကိုထောက်ခံချီးကျူးတတ်သောသူတို့နှင့် မိမိတို့ကိုယ်ကို တစ်တန်းတည်းဖြစ်စေခြင်း သို့မဟုတ် နှိုင်းယှဉ်ခြင်း စသည်တို့ကိုမပြုဝံ့ချေ။ သူတို့သည် အချင်းချင်းကြား၌ အချင်းချင်းတိုင်းတာလျက် အချင်းချင်းနှိုင်းယှဉ်လျက်နေ၍ တတ်သိနားလည်မှုမရှိကြ။
13. သို့သော် ငါတို့သည် မိမိတို့အတိုင်းအတာကိုကျော်လွန်၍ ဝါကြွားမည်မဟုတ်။ ငါတို့အား ဘုရားသခင်သတ်မှတ်ပေးတော်မူသော နယ်ပယ်၏အတိုင်းအတာတည်းဟူသော သင်တို့ထံသို့တိုင်အောင်ပင် ရောက်ရှိလာသည့်အတိုင်းအတာနှင့်အညီ ဝါကြွားမည်။