14. ငါတို့သည် သင်တို့ထံသို့မရောက်နိုင်သကဲ့သို့ မိမိတို့ကိုယ်ကို အတင်းဆန့်တန်းနေကြသည်မဟုတ်။ အမှန်စင်စစ် ငါတို့သည် ခရစ်တော်၏ကောင်းမြတ်သောသတင်းကိုယူဆောင်၍ သင်တို့ထံသို့ရောက်လာခဲ့ကြ၏။
15. ငါတို့သည် မိမိတို့အတိုင်းအတာကိုကျော်လွန်၍ သူတစ်ပါးတို့၏ကြိုးပမ်းအားထုတ်မှု၌ ဝါကြွားခြင်းမပြု။ သို့သော် သင်တို့၏ယုံကြည်ခြင်းတိုးပွားလာသည်နှင့်အမျှ ငါတို့၏နယ်ပယ်သည် သင်တို့ထဲ၌ ပိုမိုကျယ်ပြန့်လာ၍
16. သင်တို့ကိုကျော်လွန်သောအရပ်ဒေသများသို့ ကောင်းမြတ်သောသတင်းကိုဟောပြောနိုင်ရန် ငါတို့မျှော်လင့်ထား၏။ အခြားသူ၏နယ်ပယ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သောအရာ၌ ငါတို့ဝါကြွားခြင်းမပြုပေ။
17. ဝါကြွားသောသူသည် သခင်ဘုရား၌သာ ဝါကြွားစေ။
18. အကြောင်းမူကား ယုံကြည်စိတ်ချရသူသည် မိမိကိုယ်ကို ထောက်ခံချီးကျူးသောသူမဟုတ်ဘဲ သခင်ဘုရားက ထောက်ခံချီးကျူးသောသူဖြစ်ရမည်။