ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 10:11-16 Myanmar Standard Bible (MSB)

11. ငါ​တို့​သည် အ​ဝေး​၌​ရှိ​နေ​စဉ် စာ​၌​ရေး​လိုက်​သည့်​စ​ကား​အ​တိုင်း ကိုယ်​တိုင်​ရောက်​လာ​သော​အ​ခါ​၌​လည်း ပြု​မည်​ဖြစ်​ကြောင်း ထို​သူ​သိ​မှတ်​ပါ​စေ။

12. အ​ကြောင်း​မူ​ကား ငါ​တို့​သည် မိ​မိ​ကိုယ်​ကို​ထောက်​ခံ​ချီး​ကျူး​တတ်​သော​သူ​တို့​နှင့် မိ​မိ​တို့​ကိုယ်​ကို တစ်​တန်း​တည်း​ဖြစ်​စေ​ခြင်း သို့​မ​ဟုတ် နှိုင်း​ယှဉ်​ခြင်း စ​သည်​တို့​ကို​မ​ပြု​ဝံ့​ချေ။ သူ​တို့​သည် အ​ချင်း​ချင်း​ကြား​၌ အ​ချင်း​ချင်း​တိုင်း​တာ​လျက် အ​ချင်း​ချင်း​နှိုင်း​ယှဉ်​လျက်​နေ​၍ တတ်​သိ​နား​လည်​မှု​မ​ရှိ​ကြ။

13. သို့​သော် ငါ​တို့​သည် မိ​မိ​တို့​အ​တိုင်း​အ​တာ​ကို​ကျော်​လွန်​၍ ဝါ​ကြွား​မည်​မ​ဟုတ်။ ငါ​တို့​အား ဘု​ရား​သ​ခင်​သတ်​မှတ်​ပေး​တော်​မူ​သော နယ်​ပယ်​၏​အ​တိုင်း​အ​တာ​တည်း​ဟူ​သော သင်​တို့​ထံ​သို့​တိုင်​အောင်​ပင် ရောက်​ရှိ​လာ​သည့်​အ​တိုင်း​အ​တာ​နှင့်​အ​ညီ ဝါ​ကြွား​မည်။

14. ငါ​တို့​သည် သင်​တို့​ထံ​သို့​မ​ရောက်​နိုင်​သ​ကဲ့​သို့ မိ​မိ​တို့​ကိုယ်​ကို အ​တင်း​ဆန့်​တန်း​နေ​ကြ​သည်​မ​ဟုတ်။ အ​မှန်​စင်​စစ် ငါ​တို့​သည် ခ​ရစ်​တော်​၏​ကောင်း​မြတ်​သော​သ​တင်း​ကို​ယူ​ဆောင်​၍ သင်​တို့​ထံ​သို့​ရောက်​လာ​ခဲ့​ကြ​၏။

15. ငါ​တို့​သည် မိ​မိ​တို့​အ​တိုင်း​အ​တာ​ကို​ကျော်​လွန်​၍ သူ​တစ်​ပါး​တို့​၏​ကြိုး​ပမ်း​အား​ထုတ်​မှု​၌ ဝါ​ကြွား​ခြင်း​မ​ပြု။ သို့​သော် သင်​တို့​၏​ယုံ​ကြည်​ခြင်း​တိုး​ပွား​လာ​သည်​နှင့်​အ​မျှ ငါ​တို့​၏​နယ်​ပယ်​သည် သင်​တို့​ထဲ​၌ ပို​မို​ကျယ်​ပြန့်​လာ​၍

16. သင်​တို့​ကို​ကျော်​လွန်​သော​အ​ရပ်​ဒေ​သ​များ​သို့ ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​နိုင်​ရန် ငါ​တို့​မျှော်​လင့်​ထား​၏။ အ​ခြား​သူ​၏​နယ်​ပယ်​အ​တွင်း ဆောင်​ရွက်​ပြီး​စီး​ခဲ့​သော​အ​ရာ​၌ ငါ​တို့​ဝါ​ကြွား​ခြင်း​မ​ပြု​ပေ။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 10