ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1:13-24 Myanmar Standard Bible (MSB)

13. အ​ကြောင်း​မူ​ကား ငါ​တို့​သည် သင်​တို့​ဖတ်​ရှု​၍ နား​လည်​နိုင်​သော​အ​ရာ​တို့​မှ​တစ်​ပါး အ​ခြား​မည်​သည့်​အ​ရာ​ကို​မျှ သင်​တို့​ထံ​သို့ မ​ရေး​ခဲ့​ကြ​ပေ။

14. သင်​တို့​သည် ငါ​တို့​ကို တစ်​စိတ်​တစ်​ဒေ​သ သိ​ထား​သည်​ဖြစ်​၍ ငါ​တို့​သ​ခင်​ယေ​ရှု​၏​နေ့​ရက်​၌ ငါ​တို့​သည် သင်​တို့​အ​တွက် ဝါ​ကြွား​ဝမ်း​မြောက်​စ​ရာ​ဖြစ်​သ​ကဲ့​သို့ သင်​တို့​သည်​လည်း ငါ​တို့​အ​တွက် ဝါ​ကြွား​ဝမ်း​မြောက်​စ​ရာ​ဖြစ်​ကြောင်း​ကို သင်​တို့​စုံ​လင်​စွာ​သိ​ကြ​လိမ့်​မည်​ဟု ငါ​မျှော်​လင့်​၏။

15. ငါ​သည် ဤ​သို့​ယုံ​ကြည်​စိတ်​ချ​သ​ဖြင့် သင်​တို့​သည် ကျေး​ဇူး​တော်​ကို နှစ်​ကြိမ်​ခံ​စား​ရ​မည့်​အ​ကြောင်း သင်​တို့​ထံ​သို့ ဦး​စွာ​လာ​၍

16. သင်​တို့​နေ​ရာ​ကို​ဖြတ်​လျက် မာ​ကေ​ဒေါ​နိ​ပြည်​သို့ သွား​ပြီး​နောက် တစ်​ဖန် မာ​ကေ​ဒေါ​နိ​ပြည်​မှ သင်​တို့​ထံ​သို့​ပြန်​လာ​၍ သင်​တို့​၏​ပို့​ဆောင်​ပေး​ခြင်း​အား​ဖြင့် ယု​ဒ​ပြည်​သို့​သွား​မည်​ဟု စီ​စဉ်​ထား​၏။

17. ဤ​သို့​စီ​စဉ်​သော​အ​ခါ ငါ​သည် ပေါ့​ပေါ့​တန်​တန်​စီ​စဉ်​ခဲ့​သ​လော။ သို့​မ​ဟုတ် ငါ​စီ​စဉ်​သော​အ​ရာ​များ​ကို ဇာ​တိ​သ​ဘော​ဖြင့်​စီ​စဉ်​ခဲ့​သော​ကြောင့် ငါ့​စ​ကား​သည် တစ်​ချိန်​တည်း​တွင် “ဟုတ်​ပါ​၏။ ဟုတ်​ပါ​၏” နှင့် “မ​ဟုတ်​ပါ။ မ​ဟုတ်​ပါ”​ဟူ​၍ ဖြစ်​ခဲ့​သ​လော။

18. ဘု​ရား​သ​ခင်​သည် သစ္စာ​နှင့်​ပြည့်​စုံ​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​အား ငါ​တို့​ပြော​ဆို​သော​စ​ကား​သည် တစ်​ချိန်​တည်း​တွင် “ဟုတ်​ပါ​၏” နှင့် “မ​ဟုတ်​ပါ”​ဟူ​၍ ဖြစ်​သည်​မ​ဟုတ်။

19. အ​မှန်​စင်​စစ် ငါ​မှ​စ​၍ သိ​လွာ​နု​နှင့် တိ​မော​သေ​တို့​က သင်​တို့​ထဲ​တွင်​ဟော​ပြော​ခဲ့​သော ဘု​ရား​သ​ခင်​၏​သား​တော် ယေ​ရှု​ခ​ရစ်​တော်​၌ တစ်​ချိန်​တည်း​တွင် “ဟုတ်​ပါ​၏” နှင့် “မ​ဟုတ်​ပါ”​ဟူ​၍​မ​ရှိ​ဘဲ ကိုယ်​တော်​၌ “ဟုတ်​ပါ​၏”​ဟူ​၍​သာ​ရှိ​၏။

20. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​က​တိ​တော်​ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​၌ “ဟုတ်​ပါ​၏”​ဟူ​၍ ဖြစ်​ကြ​၏။ ထို့​ကြောင့် ငါ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ထင်​ရှား​မည့်​အ​ကြောင်း ငါ​တို့​သည် “အာ​မင်”​ဟု ကိုယ်​တော်​အား​ဖြင့်​ဆို​ကြ​၏။

21. ငါ​တို့​ကို သင်​တို့​နှင့်​အ​တူ ခ​ရစ်​တော်​၌​တည်​မြဲ​စေ​၍ ငါ​တို့​အား ဘိ​သိက်​ပေး​တော်​မူ​သော​အ​ရှင်​ကား ဘု​ရား​သ​ခင်​ပေ​တည်း။

22. ထို​ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​တံ​ဆိပ်​ခတ်​နှိပ်​တော်​မူ​၍ စ​ရန်​အ​ဖြစ် ငါ​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ ဝိ​ညာဉ်​တော်​ကို သွင်း​ပေး​တော်​မူ​၏။

23. ငါ​သည် ငါ့​အ​သက်​ဖြင့်​အာ​မ​ခံ​၍ ဘု​ရား​သ​ခင်​ကို​သက်​သေ​အ​ဖြစ်​ထား​လျက်​ဆို​သည်​ကား ကော​ရိန္သု​မြို့​သို့ ငါ​မ​လာ​သေး​ဘဲ​နေ​ခြင်း​သည် သင်​တို့​ကို​ညှာ​တာ​၍​သာ​ဖြစ်​၏။

24. ငါ​တို့​သည် သင်​တို့​၏​ယုံ​ကြည်​ခြင်း​ကို ချုပ်​ကိုင်​ထား​ကြ​သည်​မ​ဟုတ်။ သင်​တို့​၏​ဝမ်း​မြောက်​ခြင်း​အ​တွက် သင်​တို့​နှင့်​အ​တူ​လုပ်​ဆောင်​သော​သူ​များ​သာ​ဖြစ်​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ယုံ​ကြည်​ခြင်း​ဖြင့် ရပ်​တည်​ကြ​ပြီ​ဖြစ်​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1