ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1:10-18 Myanmar Standard Bible (MSB)

10. ဘု​ရား​သ​ခင်​သည် ဤ​မျှ​လောက်​ကြီး​မား​သော​သေ​ဘေး​မှ ငါ​တို့​ကို​ကယ်​နုတ်​တော်​မူ​ပြီ။ နောင်​တွင်​လည်း ကယ်​နုတ်​တော်​မူ​လိမ့်​မည်။ ဆက်​၍​လည်း ကယ်​နုတ်​တော်​မူ​ဦး​မည်​ဟု ကိုယ်​တော်​၌ ငါ​တို့​မျှော်​လင့်​ကြ​၏။

11. သင်​တို့​သည်​လည်း ဆု​တောင်း​ခြင်း​အား​ဖြင့် ငါ​တို့​ကို​ကူ​ညီ​ဆောင်​ရွက်​ပေး​ကြ​သည်​ဖြစ်​၍ များ​စွာ​သော​သူ​တို့​၏​ဆု​တောင်း​ခြင်း​အား​ဖြင့် ငါ​တို့​ခံ​စား​ရ​သော​ဆု​ကျေး​ဇူး​အ​တွက် များ​စွာ​သော​သူ​တို့​သည် ငါ​တို့​ကိုယ်​စား ကျေး​ဇူး​တော်​ချီး​မွမ်း​ကြ​လိမ့်​မည်။

12. ငါ​တို့​၏​ဝါ​ကြွား​စ​ရာ​အ​ကြောင်း​မှာ ဤ​သို့​ဖြစ်​၏။ ငါ​တို့​သည် လော​က​၌၊ အ​ထူး​သ​ဖြင့် သင်​တို့​ရှေ့​မှောက်​၌ လော​ကီ​ဉာဏ်​ပ​ညာ​ကို​အ​မှီ​မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​သာ အ​မှီ​ပြု​လျက် ဘု​ရား​သ​ခင်​ထံ​မှ​လာ​သော ရိုး​သား​ဖြူ​စင်​ခြင်း​တို့​ဖြင့် အ​သက်​ရှင်​နေ​ထိုင်​ခဲ့​ကြောင်း ငါ​တို့​၏​အ​သိ​စိတ်​သည် သက်​သေ​ခံ​၏။

13. အ​ကြောင်း​မူ​ကား ငါ​တို့​သည် သင်​တို့​ဖတ်​ရှု​၍ နား​လည်​နိုင်​သော​အ​ရာ​တို့​မှ​တစ်​ပါး အ​ခြား​မည်​သည့်​အ​ရာ​ကို​မျှ သင်​တို့​ထံ​သို့ မ​ရေး​ခဲ့​ကြ​ပေ။

14. သင်​တို့​သည် ငါ​တို့​ကို တစ်​စိတ်​တစ်​ဒေ​သ သိ​ထား​သည်​ဖြစ်​၍ ငါ​တို့​သ​ခင်​ယေ​ရှု​၏​နေ့​ရက်​၌ ငါ​တို့​သည် သင်​တို့​အ​တွက် ဝါ​ကြွား​ဝမ်း​မြောက်​စ​ရာ​ဖြစ်​သ​ကဲ့​သို့ သင်​တို့​သည်​လည်း ငါ​တို့​အ​တွက် ဝါ​ကြွား​ဝမ်း​မြောက်​စ​ရာ​ဖြစ်​ကြောင်း​ကို သင်​တို့​စုံ​လင်​စွာ​သိ​ကြ​လိမ့်​မည်​ဟု ငါ​မျှော်​လင့်​၏။

15. ငါ​သည် ဤ​သို့​ယုံ​ကြည်​စိတ်​ချ​သ​ဖြင့် သင်​တို့​သည် ကျေး​ဇူး​တော်​ကို နှစ်​ကြိမ်​ခံ​စား​ရ​မည့်​အ​ကြောင်း သင်​တို့​ထံ​သို့ ဦး​စွာ​လာ​၍

16. သင်​တို့​နေ​ရာ​ကို​ဖြတ်​လျက် မာ​ကေ​ဒေါ​နိ​ပြည်​သို့ သွား​ပြီး​နောက် တစ်​ဖန် မာ​ကေ​ဒေါ​နိ​ပြည်​မှ သင်​တို့​ထံ​သို့​ပြန်​လာ​၍ သင်​တို့​၏​ပို့​ဆောင်​ပေး​ခြင်း​အား​ဖြင့် ယု​ဒ​ပြည်​သို့​သွား​မည်​ဟု စီ​စဉ်​ထား​၏။

17. ဤ​သို့​စီ​စဉ်​သော​အ​ခါ ငါ​သည် ပေါ့​ပေါ့​တန်​တန်​စီ​စဉ်​ခဲ့​သ​လော။ သို့​မ​ဟုတ် ငါ​စီ​စဉ်​သော​အ​ရာ​များ​ကို ဇာ​တိ​သ​ဘော​ဖြင့်​စီ​စဉ်​ခဲ့​သော​ကြောင့် ငါ့​စ​ကား​သည် တစ်​ချိန်​တည်း​တွင် “ဟုတ်​ပါ​၏။ ဟုတ်​ပါ​၏” နှင့် “မ​ဟုတ်​ပါ။ မ​ဟုတ်​ပါ”​ဟူ​၍ ဖြစ်​ခဲ့​သ​လော။

18. ဘု​ရား​သ​ခင်​သည် သစ္စာ​နှင့်​ပြည့်​စုံ​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​အား ငါ​တို့​ပြော​ဆို​သော​စ​ကား​သည် တစ်​ချိန်​တည်း​တွင် “ဟုတ်​ပါ​၏” နှင့် “မ​ဟုတ်​ပါ”​ဟူ​၍ ဖြစ်​သည်​မ​ဟုတ်။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1