1. ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေတို့သည် ကောရိန္သုမြို့၌ရှိသော ဘုရားသခင်၏အသင်းတော်နှင့် အခါယပြည်တစ်ဝန်းလုံးရှိ သန့်ရှင်းသူအပေါင်းတို့ထံသို့ စာရေးလိုက်ပါ၏။
2. ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
3. ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဘုရားသခင်၊ သက်ညှာခြင်းနှင့်ပြည့်စုံတော်မူသောအဖတည်းဟူသော နှစ်သိမ့်ခြင်းအလုံးစုံတို့ကိုပေးတော်မူသောဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
4. ဘုရားသခင်သည် ငါတို့ခံရသောဆင်းရဲဒုက္ခအမျိုးမျိုးတို့၌ ငါတို့ကိုနှစ်သိမ့်ပေးတော်မူ၏။ ဤသည်ကား ဘုရားသခင်ထံမှ ငါတို့ရရှိသောနှစ်သိမ့်ခြင်းအားဖြင့် ဆင်းရဲဒုက္ခအမျိုးမျိုးကိုခံနေရသောသူတို့အား ငါတို့နှစ်သိမ့်ပေးနိုင်ရန်အတွက်ဖြစ်၏။