ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1:1-14 Myanmar Standard Bible (MSB)

1. ဘု​ရား​သ​ခင်​၏​အ​လို​တော်​အား​ဖြင့် ခ​ရစ်​တော်​ယေ​ရှု​၏​တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​နှင့် ငါ့​ညီ​တိ​မော​သေ​တို့​သည် ကော​ရိန္သု​မြို့​၌​ရှိ​သော ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​နှင့် အ​ခါ​ယ​ပြည်​တစ်​ဝန်း​လုံး​ရှိ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ထံ​သို့ စာ​ရေး​လိုက်​ပါ​၏။

2. ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ထံ​မှ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါ​စေ​သော။

3. ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်၊ သက်​ညှာ​ခြင်း​နှင့်​ပြည့်​စုံ​တော်​မူ​သော​အ​ဖ​တည်း​ဟူ​သော နှစ်​သိမ့်​ခြင်း​အ​လုံး​စုံ​တို့​ကို​ပေး​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သော။

4. ဘု​ရား​သ​ခင်​သည် ငါ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ဒုက္ခ​အ​မျိုး​မျိုး​တို့​၌ ငါ​တို့​ကို​နှစ်​သိမ့်​ပေး​တော်​မူ​၏။ ဤ​သည်​ကား ဘု​ရား​သ​ခင်​ထံ​မှ ငါ​တို့​ရ​ရှိ​သော​နှစ်​သိမ့်​ခြင်း​အား​ဖြင့် ဆင်း​ရဲ​ဒုက္ခ​အ​မျိုး​မျိုး​ကို​ခံ​နေ​ရ​သော​သူ​တို့​အား ငါ​တို့​နှစ်​သိမ့်​ပေး​နိုင်​ရန်​အ​တွက်​ဖြစ်​၏။

5. အ​ကြောင်း​မူ​ကား ခ​ရစ်​တော်​၏​ဒုက္ခ​ဝေ​ဒ​နာ​များ​သည် ငါ​တို့​၌​များ​ပြား​လှ​သ​ကဲ့​သို့ ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​ခံ​စား​ရ​သော​နှစ်​သိမ့်​ခြင်း​သည်​လည်း များ​ပြား​လှ​ပေ​၏။

6. ငါ​တို့​သည် ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​လျှင် ၎င်း​သည် သင်​တို့​၏​နှစ်​သိမ့်​ခြင်း​နှင့်​ကယ်​တင်​ခြင်း​အ​တွက်​ဖြစ်​၏။ ငါ​တို့​သည် နှစ်​သိမ့်​ခြင်း​ကို​ခံ​စား​ရ​လျှင်​လည်း ၎င်း​သည် သင်​တို့​၏​နှစ်​သိမ့်​ခြင်း​အ​တွက်​ဖြစ်​ပြီး ထို​နှစ်​သိမ့်​ခြင်း​သည် ငါ​တို့​ခံ​ရ​သော​ဒုက္ခ​ဝေ​ဒ​နာ​မျိုး​၌ သင်​တို့​သည်း​ခံ​နိုင်​သည့်​ခွန်​အား​ကို​ဖြစ်​စေ​၏။

7. သင်​တို့​အ​တွက် ငါ​တို့​၏​မျှော်​လင့်​ခြင်း​သည်​လည်း ခိုင်​မြဲ​လျက်​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​သည် ဒုက္ခ​ဝေ​ဒ​နာ​ကို မျှ​ဝေ​ခံ​စား​ရ​သ​ကဲ့​သို့ နှစ်​သိမ့်​ခြင်း​ကို​လည်း မျှ​ဝေ​ခံ​စား​ရ​မည်​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။

8. ညီ​အစ်​ကို​တို့၊ အာ​ရှ​ပြည်​၌ ငါ​တို့​ကြုံ​တွေ့​ရ​သော​ဆင်း​ရဲ​ဒုက္ခ​အ​ကြောင်း​ကို သင်​တို့​မ​သိ​ဘဲ မ​နေ​စေ​လို​ပါ။ ငါ​တို့​သည် မိ​မိ​တို့​ခံ​နိုင်​စွမ်း​ရှိ​သည်​ထက်​ပို​လွန်​သည့် အ​တိုင်း​ထက်​အ​လွန်​ကြီး​လေး​သော​ဒုက္ခ​ကို​ခံ​ခဲ့​ရ​သ​ဖြင့် အ​သက်​ရှင်​ရန်​ပင် မျှော်​လင့်​ချက်​ကင်း​မဲ့​ကာ

9. သေ​ဒဏ်​စီ​ရင်​ခံ​ရ​ပြီ​ဟု မိ​မိ​တို့​စိတ်​ထဲ​၌​ခံ​စား​မိ​ကြ​၏။ ဤ​သည်​ကား ငါ​တို့​သည် မိ​မိ​ကိုယ်​ကို​မ​ကိုး​စား​ဘဲ သေ​သော​သူ​တို့​ကို​ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကို​ကိုး​စား​ကြ​ရန်​ဖြစ်​၏။

10. ဘု​ရား​သ​ခင်​သည် ဤ​မျှ​လောက်​ကြီး​မား​သော​သေ​ဘေး​မှ ငါ​တို့​ကို​ကယ်​နုတ်​တော်​မူ​ပြီ။ နောင်​တွင်​လည်း ကယ်​နုတ်​တော်​မူ​လိမ့်​မည်။ ဆက်​၍​လည်း ကယ်​နုတ်​တော်​မူ​ဦး​မည်​ဟု ကိုယ်​တော်​၌ ငါ​တို့​မျှော်​လင့်​ကြ​၏။

11. သင်​တို့​သည်​လည်း ဆု​တောင်း​ခြင်း​အား​ဖြင့် ငါ​တို့​ကို​ကူ​ညီ​ဆောင်​ရွက်​ပေး​ကြ​သည်​ဖြစ်​၍ များ​စွာ​သော​သူ​တို့​၏​ဆု​တောင်း​ခြင်း​အား​ဖြင့် ငါ​တို့​ခံ​စား​ရ​သော​ဆု​ကျေး​ဇူး​အ​တွက် များ​စွာ​သော​သူ​တို့​သည် ငါ​တို့​ကိုယ်​စား ကျေး​ဇူး​တော်​ချီး​မွမ်း​ကြ​လိမ့်​မည်။

12. ငါ​တို့​၏​ဝါ​ကြွား​စ​ရာ​အ​ကြောင်း​မှာ ဤ​သို့​ဖြစ်​၏။ ငါ​တို့​သည် လော​က​၌၊ အ​ထူး​သ​ဖြင့် သင်​တို့​ရှေ့​မှောက်​၌ လော​ကီ​ဉာဏ်​ပ​ညာ​ကို​အ​မှီ​မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​သာ အ​မှီ​ပြု​လျက် ဘု​ရား​သ​ခင်​ထံ​မှ​လာ​သော ရိုး​သား​ဖြူ​စင်​ခြင်း​တို့​ဖြင့် အ​သက်​ရှင်​နေ​ထိုင်​ခဲ့​ကြောင်း ငါ​တို့​၏​အ​သိ​စိတ်​သည် သက်​သေ​ခံ​၏။

13. အ​ကြောင်း​မူ​ကား ငါ​တို့​သည် သင်​တို့​ဖတ်​ရှု​၍ နား​လည်​နိုင်​သော​အ​ရာ​တို့​မှ​တစ်​ပါး အ​ခြား​မည်​သည့်​အ​ရာ​ကို​မျှ သင်​တို့​ထံ​သို့ မ​ရေး​ခဲ့​ကြ​ပေ။

14. သင်​တို့​သည် ငါ​တို့​ကို တစ်​စိတ်​တစ်​ဒေ​သ သိ​ထား​သည်​ဖြစ်​၍ ငါ​တို့​သ​ခင်​ယေ​ရှု​၏​နေ့​ရက်​၌ ငါ​တို့​သည် သင်​တို့​အ​တွက် ဝါ​ကြွား​ဝမ်း​မြောက်​စ​ရာ​ဖြစ်​သ​ကဲ့​သို့ သင်​တို့​သည်​လည်း ငါ​တို့​အ​တွက် ဝါ​ကြွား​ဝမ်း​မြောက်​စ​ရာ​ဖြစ်​ကြောင်း​ကို သင်​တို့​စုံ​လင်​စွာ​သိ​ကြ​လိမ့်​မည်​ဟု ငါ​မျှော်​လင့်​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1