၄ ရာ 7:4-8 Judson Bible (BJB)

4. မြို့ထဲသို့ဝင်လျှင် အစာခေါင်းပါးသောကြောင့် သေရမည်။ ဤအရပ်၌ ထိုင်လျက်နေလျှင်လည်း သေရ မည်။ သို့ဖြစ်၍ ရှုရိတပ်သို့ ဝင်စားကြကုန်အံ့။ သူတို့သည် အသက်ရှင်စေလျှင်ရှင်ရမည်။ သတ်လျှင် သေရမည်ဟု တိုင်ပင်ပြီးလျှင်၊

5. မိုဃ်းမလင်းမှီထ၍ ရှုရိတပ်သို့သွားကြ၏။ တပ်ဦးသို့ ရောက်သောအခါ အဘယ်သူကိုမျှ မတွေ့ကြ။

6. အကြောင်းမူကား၊ ရှုရိလူတို့သည်ရထားစီးသူရဲ၊ မြင်းစီးသူရဲ၊ များစွာသော ဗိုလ်ခြေအသံကိုကြားစေခြင်း ငှါ၊ ထာဝရဘုရားပြုတော်မူသဖြင့် သူတို့ကဣသရေလ ရှင်ဘုရင်သည် ငါတို့ကိုတိုက်စေခြင်းငှါ၊ ဟိတ္တိမင်းများ၊ အဲဂုတ္တုမင်းများတို့ကို ငှါးပြီဟု တယောက်ကိုတယောက် ဆိုလျက်၊

7. မိုဃ်းမလင်းမှီထ၍သူတို့တဲ၊ မြင်း၊ မြည်းအစရှိသော တတပ်လုံးကို စွန့်ပစ်၍ ကိုယ်အသက်လွတ် အောင် ပြေးကြ၏။

8. လူနူတို့သည် တပ်ဦးသို့ ရောက်သောအခါ၊ တဲတခုထဲသို့ဝင်၍ စားသောက်ပြီးမှ၊ ရွှေငွေအဝတ် တန်ဆာများကို ယူသွားပြီးလျှင် ဝှက်ထားကြ၏။ နောက် တဖန် အခြားသောတဲသို့ဝင်၍၊ ဥစ္စာများကို ယူသွားပြီး လျှင် ဝှက်ထားကြ၏။

၄ ရာ 7