၄ ရာ 4:19-22 Judson Bible (BJB)

19. ငါသည်ခေါင်းနာ၏။ ခေါင်းနာ၏ဟု အဘအားပြောဆိုလျှင်၊ အဘက၊ သူငယ်ကို အမိထံသို့ ယူသွားဟု လုလင်အားပြော၏။

20. လုလင်သည်အမိထံသို့ယူသွား၍၊ သူငယ်သည် အမိရင်ခွင်၌ ထိုင်၍မွန်းတည့်အချိန်ရှိပြီးမှ သေ၏။

21. အမိသည် မြို့ရိုးပေါ်သို့တက်၍ အလောင်းကို ဘုရားသခင့် လူ၏ခုတင်ပေါ်မှာ ထားပြီးလျှင်၊ တံခါးကို ပိတ်ခဲ့၍ သွားလေ၏။

22. ခင်ပွန်းကိုလည်းခေါ်၍၊ ကျွန်ုပ်သည် ဘုရားသခင်၏လူထံသို့ ပြေး၍ တဖန်ပြန်လာဦးမည်။ လုလင်တယောက်နှင့် မြည်းတစီးကိုထည့်လိုက်ပါဟုဆိုလျှင်၊

၄ ရာ 4