၄ ရာ 23:31-34 Judson Bible (BJB)

31. ယောခတ်သည် အသက်နှစ်ဆယ်သုံးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သားယေရမိ၏ သမီးဟာမုတာလ အမည်ရှိ၏။

32. ထိုမင်းသည် ဘိုးဘေးပြုသမျှအတိုင်း ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။

33. ဖာရောနေခေါသည် ထိုမင်းကို ယေရုရှလင် မြို့မှာ မင်းမပြုစေခြင်းငှါ ဟာမတ်ပြည်၊ ရိဗလမြို့မှာ အကျဉ်းထား၍၊ ယုဒပြည်၌ ငွေအခွက်တထောင်နှင့် ရွှေအခွက် တဆယ်ကိုအခွန် တောင်းလေ၏။

34. ဖာရော နေခေါသည်လည်း၊ ယောရှိသား ဧလျာကိမ်ကို ခမည်းတော်အရာ၌ နန်းတင်၍ ယောယကိမ် အမည်သစ်ကိုပေး၏။ ယောခတ်ကို အဲဂုတ္တု ပြည်သို့ယူသွား၍ ထိုပြည်၌ ယောခတ်သည်သေ၏။

၄ ရာ 23