၄ ရာ 23:10-12 Judson Bible (BJB)

10. အဘယ်သူမျှ မိမိသားသမီးကို မောလုတ်ဘုရားအား မီးဖြင့် မပူဇော်နိုင်မည်အကြောင်း၊ ဟိန္နုံသား၏ ချိုင့်၌ရှိသော တောဖက်အရပ်ကိုလည်း ညစ်ညူးစေတော်မူ၏။

11. ယုဒရှင်ဘုရင်တို့သည် နေကိုပူဇော်၍၊ ဗိမာန် တော်ဝင်းပြင် အရာရှိနာသမ္မေလက်အိမ်နား၊ ဝင်းတော် တံခါးဝ၌ထားသော မြင်းတို့ကိုလည်း ပယ်ရှား၍ နေရထားတို့ကိုလည်း မီးရှို့တော်မူ၏။

12. ယုဒရှင်ဘုရင်တို့သည် အာဟပ်မင်းတိုက်တော် အထက်ဆင့် အပေါ်မှာတည်ထားသော ယဇ်ပလ္လင်တို့နှင့် မနာရှေမင်းသည် ဗိမာန်တော်တန်တိုင်းနှစ်ရပ်တွင် တည်ထားသော ပလ္လင်တို့ကို ရှင်ဘုရင်ဖြိုချ ချေဖျက်၍ အမှုန့်ကို ကေဒြုန်ချောင်းထဲသို့ ပစ်တော်မူ၏။

၄ ရာ 23