၃ ရာ 8:26-31 Judson Bible (BJB)

26. အို ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကျွန် အကျွန်ုပ်အဘဒါဝိဒ်အား မိန့်တော်မူသော စကားတော်ကို ယခုပြည့်စုံစေတော်မူပါ။

27. သို့ရာတွင် ဘုရားသခင်သည် မြေကြီးပေါ်မှာ ဧကန်အမှန် ကျိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့် ကောင်းကင်တကာတို့၏ အထွဋ်အမြင့်ဆုံးသော ကောင်းကင်သည် ကိုယ်တော်ကို မဆံ့မခံနိုင်သည် ဖြစ်၍၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဘွယ်ရာရှိပါသနည်း။

28. သို့သော်လည်း အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ ယနေ့ကြွေးကြော်လျက် ပဌနာပြု၍ တောင်းလျှောက်သောစကားကို နားခံနာယူတော်မူပါ။

29. ဤမည်သော အရပ်၌ ငါ့နာမတည်ရမည်ဟု မိန့်တော်မူသည်အတိုင်း၊ ဤအရပ်ဌာနနှင့် ဤအိမ်တော်ကို နေ့ညဉ့်မပြတ်ကြည့်ရှု၍၊ ကိုယ်တော်ကျွန်သည် ဤအရပ်ဌာန၌ ဆုတောင်းသောစကားကို နားထောင် တော်မူပါ။

30. ကိုယ်တော်ကျွန်မှစ၍ ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့သည် ဤအရပ်ဌာန၌ ဆုတောင်းပဌနာပြုကြသောအခါ၊ ကျိန်းဝပ်တော်မူရာ ကောင်းကင် ဘုံ၌နားထောင်၍ အပြစ်မှလွှတ်တော်မူပါ။

31. လူသည် မိမိအိမ်နီးချင်းကိုပြစ်မှားသောကြောင့်၊ အကျိန်ခံရမည်ဟု အိမ်နီးချင်းဆိုလျက်၊ ဤအိမ်တော်၌ ကိုယ်တော်၏ယဇ်ပလ္လင်ရှေ့မှာ အကျိန်တိုက်လျှင်၊

၃ ရာ 8