49. အာဟပ်သား အာခဇိက၊ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့် သင်္ဘောစီး ဝါစေဟု ယောရှဖတ်၌ အခွင့်တောင်း၍ ယောရှဖတ်သည် အခွင့်ပေး၏။ သို့သော် လည်း သင်္ဘောတို့သည် ဧဇယုန်ဂါဗာမြို့မှာ ကျိုးပဲ့သောကြောင့်၊ ဩဖိရမြို့သို့ မသွားရ။
50. ယောရှဖတ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍ သူတို့နှင့်အတူ အဘ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်ယဟောရံသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
51. ယုဒရှင်ဘုရင်ယောရှဖတ်နန်းစံ ဆယ်ခုနစ်နှစ်တွင်၊ အာဟပ်သားအာခဇိသည် ရှမာရိမြို့၌ မင်းပြု၍ ဣသရေလနိုင်ငံကို နှစ်နှစ်စိုးစံ၏။
52. ထိုမင်းသည်ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍၊ မိဘလိုက်သောလမ်း၊ ဣသရေအမျိုးကို ပြစ်မှား စေသော နေဗတ်၏သားယေရောဗောင်လိုက် သော လမ်းသို့ လိုက်လေ၏။
53. ဗာလဘုရားကို ဝတ်ပြုကိုးကွယ်၍၊ အဘကျင့်လေသမျှအတိုင်း ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော် သတည်း။ဓမ္မရာဇဝင်တတိယစောင်ပြီး၏။