၃ ရာ 2:28-32 Judson Bible (BJB)

28. ယွာဘမူကား၊ အဗရှလုံ နောက်သို့မလိုက်သော်လည်း၊ အဒေါနိယနောက်သို့ လိုက်သောသူဖြစ်၍၊ ထိုသိတင်းကို ကြားသောအခါ၊ ထာဝရဘုရား၏ တဲတော်သို့ ပြေး၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်နေ၏။

29. ယွာဘသည် ထာဝရဘုရား၏ တဲတော်သို့ ပြေးပါပြီ။ ယဇ်ပလ္လင် အနားမှာရှိပါသည်ဟု ရှောလမုန်မင်းကြီးအား လျှောက်သောအခါ၊ ယွာဘကို လုပ်ကြံ လော့ဟု ယောယဒသား ဗေနာယကို စေလွှတ်တော်မူ၏။

30. ဗေနာယသည် ထာဝရဘုရား၏တဲတော်သို့ သွား၍၊ ရှင်ဘုရင်ခေါ်တော်မူသည်ဟုဆိုလျှင်၊ ယွာဘက ငါမသွား၊ ဤအရပ်မှာ အသေခံမည်ဟုဆို၏။ ဗေနာယ ကလည်း၊ ယွာဘသည်ဤသို့ပြန်ပြောပါ၏ဟု နားတော်လျှောက်လေသော်၊

31. ရှင်ဘုရင်က၊ အပြစ်မရှိသောသူ၏အသက်ကို ယွာဘသတ်သောအပြစ်နှင့် ငါမှစ၍ ငါ့အဆွေအမျိုးကင်းစင်မည်အကြောင်း သူ့စကားအတိုင်းပြုလော့။ သူ့ကို လုပ်ကြံ၍ သင်္ဂြိုဟ်လော့။

32. သူသည် မိမိထက်သာ၍ ဖြောင့်မတ် ကောင်းမြတ်သောသူ၊ ဣသရေလဗိုလ်ချုပ်နေရ၏သားအာဗနာနှင့် ယုဒဗိုလ်ချုပ်ယေသာ၏သားအာမသကို ငါ့ခမည်းတော် ဒါဝိဒ်မသိဘဲ တိုက်၍ထားနှင့် သတ်သောအပြစ်ကို ထာဝရဘုရားသည် သူ၏ခေါင်းပေါ်သို့ သက်ရောက်စေတော်မူမည်။

၃ ရာ 2