၃ ရာ 13:33-34 Judson Bible (BJB)

33. ထိုနောက်မှ ယေရောဗောင်သည် မိမိအဓမ္မလမ်းကို မရှောင်။ သာမညလူတို့ကို မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ်အရာ၌ ထပ်၍ ခန့်ထား၏။ ယဇ်ပုရောဟိတ်လုပ်ချင်သောသူ ရှိသမျှကို ချီးမြှောက်သဖြင့်၊ သူတို့သည် မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ် ဖြစ်ကြ၏။

34. ထိုသို့ပြုသောကြောင့် ယေရောဗောင်အမျိုးကိုမြေကြီးပြင်မှ သုတ်သင်ပယ်ရှင်းစေသော အပြစ်ရောက်သတည်း။

၃ ရာ 13