၃ ရာ 10:14-19 Judson Bible (BJB)

14. ရှောလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေအချိန်ကား အခွက်ခြောက်ရာခြောက်ဆယ်ခြောက် ပိဿာဖြစ်သတည်း။

15. ထိုမှတပါးကုန်သည်များ၊ လှည်းသမားများ၊ အာရပ်မင်းကြီးရှိသမျှ၊ မြို့ဝန်များဆက်သော ရွှေရှိသေး၏။

16-17. ရှောလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းကြီးနှစ်ရာ၊ သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုတ်လုပ်၍ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သော နန်းတော်၌ ထားတော်မူ၏။

18. ရှင်ဘုရင်သည်လည်း၊ ဆင်စွယ်ရာဇပလ္လင်ကြီးကို လုပ်၍ရွှေစင်နှင့် မွမ်းမံလေ၏။

19. ရာဇပလ္လင်တော်သည် လှေကားခြောက်ထစ် ရှိ၏။ နောက်ဖေးဝိုင်း၏။ ထိုင်ရာတဘက်တချက်၌ မှီစရာလက်ရုံးတန်းနှင့်ပြည့်စုံ၍၊ လက်ရုံးတန်းအနားမှာ ခြင်္သေ့နှစ်ကောင်ရပ်နေ၏။

၃ ရာ 10