6. ထိုသူတို့သည် သင်၏ချစ်ခြင်းမေတ္တာအကြောင်းကို အသင်းတော်ရှေ့၌ သက်သေခံကြ၏။ သင်သည်ထိုသူတို့ကို ဘုရားသခင်၏ အလိုတော်နှင့်အညီ ပို့လိုက်ပြန်လျှင်၊ ကောင်းသောအမှုကိုပြုလိမ့်မည်။
7. အကြောင်းမူကား၊ ထိုသူတို့သည် နာမတော်ကိုထောက်၍၊ သာသနာပလူတို့တွင် အလှူမခံဘဲသွားကြ၏။
8. ငါတို့သည် သမ္မာတရားကို ကူမသောသူ ဖြစ်အံ့သောငှါ၊ ထိုသို့သောသူတို့အား ဧည့်သည်ဝတ်ကို ပြုအပ်ကြ၏။
9. အသင်းတော်ထံသို့မှာစာကို ငါရေး၍ ပေးလိုက်လေပြီ။ သို့သော်လည်း၊ အကဲအမှူးလုပ်ချင်သော ဒယောတရပ်သည် ငါတို့အားအခွင့်မပေး။
10. ထိုကြောင့်၊ ငါလာသောအခါ သူသည် မိမိပြုသောအမှုကို မိမိသတိရစေခြင်းငှါ ငါပြုမည်။ ထိုသူ သည်၊ ငြူစူသောစကားနှင့် ငါတို့ကို ကဲ့ရဲ့သည်သာမက၊ ကဲ့ရဲ့ခြင်းနှင့် စိတ်မပြေဘဲလျက်၊ ညီအစ်ကိုတို့ကို ကိုယ်တိုင်လက်မခံ၊ လက်ခံချင်သောသူတို့ကိုလည်း မြစ်တား၍၊ အသင်းတော်ထဲကနှင်ထုတ်တတ်၏။