25. ရှောလမုန်သည်လည်း၊ ရထားတော်များနှင့် ထိုင်သောမြင်းတင်းကုပ်လေးထောင်၊ မြင်းစီးသူရဲ တသောင်းနှစ်ထောင်ရှိ၏။ ရထားထိန်းမြို့တို့၌၎င်း၊ ယေရုရှလင်မြို့ အထံတော်၌၎င်းထား၏။
26. မြစ်ကြီးမှ စ၍ဖိလိတ္တိပြည်နှင့် အဲဂုတ္တုပြည်စွန်း တိုင်အောင် ရှိသောရှင်ဘုရင်အပေါင်းတို့ကို အစိုးရ၏။
27. ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ငွေကို ကျောက်ခဲကဲ့သို့၎င်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ပေါက်သော သဖန်းပင်ကဲ့သို့၎င်း များပြားစေ၏။