၂ ရာ​ချုပ် 9:13-18 Judson Bible (BJB)

13. ရှေလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေချိန်ကား အခွက်ခြောက်ရာ ခြောက်ဆယ်ခြောက် ပိဿာဖြစ်သတည်း။

14. ထိုမှတပါး၊ ကုန်သည်များ၊ လှည်းသမားများ၊ အာရပ်မင်းကြီးရှိသမျှ၊ မြို့ဝန်များဆက်သော ရွှေရှိသေး၏။

15. ရှေလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းနှစ်ရာ၊

16. သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုလုပ်၍၊ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သော နန်းတော်၌ ထားတော်မူ၏။

17. ရှင်ဘုရင်သည်လည်း ဆင်စွယ်ရာဇပလ္လင်ကြီးကို လုပ်၍ ရွှေစင်နှင့်မွမ်းမံလေ၏။

18. လှေကားခြောက်ထစ်နှင့် ရွှေဘိနပ်သည် ရာဇပလ္လင်တော်နှင့် တဆက်တည်းရှိ၏။ ထိုင်ရာတဘက် တချက်၌ မှီစရာလက်ရုံးတန်းနှင့် ပြည့်စုံ၍။ လက်ရုံးတန်း အနားမှာ ခြင်္သေ့နှစ်ကောင်ရပ်နေ၏။

၂ ရာ​ချုပ် 9