၂ ရာ​ချုပ် 5:1-4 Judson Bible (BJB)

1. ထိုသို့ရှောလမုန်သည် ထာဝရဘုရား၏ အိမ်တော်အဘို့ ပြုလုပ်စီရင်သမျှ အလုံးစုံတို့ကို လက် စသတ်ပြီးမှ၊ ခမည်းတော်ဒါဝိဒ်လှူသော ရွှေငွေတန်ဆာ များတို့ဆောင်ခဲ့၍ ဘုရားသခင်၏အိမ်တော်ဘဏ္ဍာစုထဲ မှာသွင်းထားလေ၏။

2. ထိုအခါထာဝရဘုရား၏ ပဋိညာဉ်သေတ္တာ တော်ကို၊ ဇိအုန်မည်သော ဒါဝိဒ်မြို့မှာ ဆောင်ခဲ့လိုသော ငှါ၊ ရှောလမုန်သည် ဣသရေလအသက်ကြီးသူ အပေါင်းတို့နှင့် ဣသရေလအဆွေအမျိုးအသီးအသီးကို အုပ်သောခေါင်းမင်းအပေါင်းတို့ကို၊ ယေရုရှလင်မြို့သို့ ခေါ်တော်မူသည်အတိုင်း၊

3. ဣသရေလလူအပေါင်းတို့သည်၊ သတ္တမလ၌ လုပ်သော ပွဲအတွင်းတွင်၊ ရှင်ဘုရင်ထံတော်သို့ စုဝေး ရောက်လာကြ၏။

4. ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့ သည် လာ၍ လေဝိသားတို့သည်လည်း ထာဝရဘုရား၏ သေတ္တာတော်ကိုထမ်းလျက်၊

၂ ရာ​ချုပ် 5