၂ ရာ​ချုပ် 20:1-3 Judson Bible (BJB)

1. ထိုနောက်မှ၊ မောဘအမျိုးသားနှင့် အမ္မန် အမျိုးသားတို့သည် ဧဒုံအမျိုးသားအချို့နှင့်တကွ၊ ယောရှဖတ်ကို စစ်တိုက်မည်ဟု ချီလာကြ၏။

2. အိုင်ကြီးတဘက်၊ ဧဒုံပြည်ဘက်က များစွာသော အလုံးအရင်းစစ်ချီလာ၍၊ အင်္ဂေဒိအမည်ရှိသော ဟာဇဇုန္တာမာမြို့မှာရှိကြပါသည်ဟု ယောရှဖတ်အား ကြားလျှောက်လျှင်၊

3. ယောရှဖတ်သည် ကြောက်၍၊ ထာဝရဘုရားကို ရှာခြင်းငှါ သဘောချလျက်၊ အစာရှောင်ရာအချိန်ကို၊ ယုဒပြည်တရှောက်လုံး၌ ကြော်ငြာစေတော်မူ၏။

၂ ရာ​ချုပ် 20