၂ ရာ​ချုပ် 15:11-14 Judson Bible (BJB)

11. ဆောင်ခဲ့သော လက်ရဥစ္စာထဲကနွားခုနစ်ရာ၊ သိုးခုနစ်ထောင်တို့ကို ထာဝရဘုရားအား ပူဇော်ကြ၏။

12. ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာပါမည်ဟူ၍၎င်း၊

13. ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို မရှာသောသူ၊ ယောက်ျားမိန်းမ အကြီးအငယ်မည်သည်ကား၊ အသေသတ်ခြင်းကို ခံရမည်ဟူ၍၎င်း၊

14. ကြွေးကြော်သံ၊ တံပိုးနှဲခရာမှုတ်သံနှင့်တကွ၊ ကြီးသောအသံဗလံပြုလျက်၊ ထာဝရဘုရားအား ကျိန်ဆို၍ ဝန်ခံခြင်းပဋိညာဉ်ဖွဲ့ကြ၏။

၂ ရာ​ချုပ် 15