၂ ရာ​ချုပ် 11:5-11 Judson Bible (BJB)

5. ရောဗောင်သည် ယေရုရှလင်မြို့၌နေ၍၊ ယုဒပြည်၌ ခိုင်ခံ့သောမြို့ တို့ကိုပြုစုရာတွင်၊

6. ဗက်လင်မြို့၊ ဧတံမြို့၊ တေကောမြို့၊

7. ဗက်ဇုရမြို့၊ ရှောကောမြို့၊ အဒုလံမြို့၊

8. ဂါသမြို့၊ မရေရှမြို့၊ ဇိဖမြို့၊

9. အဒေါရိမ်မြို့၊ လာခိရှမြို့၊ အဇေကာမြို့၊

10. ဇောရာမြို့၊ အာဇလုန်မြို့၊ ဟေဗြုန်မြို့တည်းဟူသော ယုဒခရိုင် နှင့်ဗင်္ယာမိန်ခရိုင်တွင် ခိုင်ခံ့သော မြို့တို့ကို ပြုစုလေ၏။

11. ရဲတိုက်များကိုလည်း ခိုင်ခံ့စေ၍၊ အကြီးအကဲ နှင့်တကွ ဆီ၊ စပျစ်ရည်များ၊ ရိက္ခာများကို သိုထားလေ၏။

၂ ရာ​ချုပ် 11