၂ တိ 4:5-13 Judson Bible (BJB)

5. သင်မူကား၊ အရာရာ၌ သမ္မာသတိရှိစေလော့။ ဆင်းရဲဒုက္ခကို သည်းခံလော့။ သာသနာပြုဆရာ ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လော့။ ဓမ္မဆရာအရာ၌ ခန့်ထား၍ ပြုရသောဝတ်များကို အကုန်အစင်ပြုလော့။

6. အကြောင်းမူကား၊ ငါ့ကိုယဇ်ပေါ်မှာ လောင်းရသော အချိန်ရှိပြီ။ စုတေ့ရသောအချိန် ရောက်လေပြီ။

7. ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည် ခြင်းတရားကို စောင့်ရှောက်ပြီ။

8. ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။

9. ငါ့ထံသို့ မြန်မြန်လာခြင်းငှါ ကြိုးစားလော့။ အကြောင်းမူကား၊ ဒေမသည် ယခုဘဝကို နှစ်သက်သော စိတ်ရှိသည်နှင့် ငါ့ကိုစွန့်ပစ်၍၊ သက်သာလောနိတ်မြို့သို့သွားပြီ။

10. ကရက္ကေသည် ဂလာတိပြည်သို့၎င်း၊ တိတုသည် ဒါလမာတိပြည်သို့၎င်း သွားပြီ။

11. လုကာတယောက်တည်းသာ ငါ့ထံမှာရှိ၏။ မာကုကိုသင်နှင့် အတူခေါ်ခဲ့လော့။ သူသည်ဆရာအမှုကို ပြုရာမှာ ငါအကျိုးရှိ၏။

12. တုခိတ်ကိုလည်း ဧဖက်မြို့သို့ ငါစေလွှတ်ပြီ။

13. တရောမြို့တွင်ကာပုလက်၌ ငါထားခဲ့သော ဝတ်လုံကို၎င်း၊ စာစောင်ကို၎င်း၊ အထူးသဖြင့်သားရေစာကို၎င်း၊ သင်သည်လာသောအခါ ယူခဲ့လော့။

၂ တိ 4