၁ သက် 3:8-11 Judson Bible (BJB)

8. ယခုမှာ သင်တို့သည် သခင်ဘုရား၌ တည်ကြည်လျှင်၊ ငါတို့သည် အသက်ရှင်ကြ၏။

9. ငါတို့၏ ဘုရားသခင်ရှေ့၌ သင်တို့၏အကြောင်းကြောင့် ငါတို့ခံရသော ဝမ်းမြောက်ခြင်းအပေါင်းကို ထောက်၍၊ သင်တို့အကြောင်းကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အဘယ်သို့ ဆပ်နိုင်သနည်း။

10. သင်တို့မျက်နှာကိုမြင်၍၊ သင်တို့ယုံကြည်ခြင်း လိုသေးသမျှကို စုံလင်စေမည်အကြောင်း၊ ငါတို့သည် နေ့ညဉ့်မပြတ် အလွန်တရာ ဆုတောင်းပဋ္ဌာနာပြု၍ နေကြ၏။

11. သင်တို့ရှိရာသို့ ငါတို့သွားရာလမ်းကို ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့် ငါတို့သခင်ယေရှုခရစ် သည် ပြင်ဆင်တော်မူပါစေသော။

၁ သက် 3