1. ဣသခါသားကား တောလ၊ ဖုဝါ၊ ယာရှုပ်၊ ရှိမရုန်၊ ပေါင်းလေးယောက်တည်း။
2. တောလသားကား တောလအဆွေအမျိုးသူကြီး ဩဇိ၊ ရေဖာယ၊ ယေရေလ၊ ယာမဲ၊ ယိဗသံ၊ ရှမွေလတည်း။ ထိုအဆွေအမျိုးအစဉ်အဆက်တို့သည် ခွန်အားကြီးသောသူရဲဖြစ်၍၊ ဒါဝိဒ်မင်းလက်ထက်နှစ်သောင်း နှစ်ထောင် ခြောက်ရာရှိသတည်း။
3. ဩဇိသားကား ဣဇရဟိ၊ ဣဇရဟိသား မက္ခေလ၊ ဩဗဒိ၊ ယောလ၊ ဣရှယ၊ ပေါင်းငါးယောက်တည်း။ ဤသူတို့သည် အကြီးအကဲဖြစ်ကြ၏။