၁ ရာ​ချုပ် 6:48-52 Judson Bible (BJB)

48. သူတို့၏ညီအစ်ကိုဖြစ်သော လေဝိသားတို့သည် ဘုရားသခင် ကျိန်းဝပ်တော်မူရာ တဲတော်အမှုအမျိုးမျိုး စောင့်သောအရာ၌ ခန့်ထားခြင်းကို ခံကြ၏။

49. အာရုန်နှင့်သူ၏ သားစဉ်မြေးဆက်မူကား၊ ယဇ်ကောင်ကို မီးရှို့ရာပလ္လင်နှင့်၊ နံ့သာပေါင်းကို မီးရှို့ရာပလ္လင်ပေါ်မှာပူဇော်လျက်၊ အလွန်သန့်ရှင်းရာဌာနတော် အမှုအလုံးစုံကိုစောင့်လျက်၊ ဘုရားသခင်၏ကျွန်မောရှေ မှာထားသမျှအတိုင်း၊ ဣသရေလအမျိုး၏အပြစ်ကို ဖြေရသော သူဖြစ်ကြ၏။

50. အာရုန်၏သားမြေးမှာ၊ အာရုန်သားကား ဧလာဇာ၊ ဧလာဇာသား ဖိနဟတ်၊ ဖိနဟတ်သား အဘိရွှ၊

51. အဘိရွှသားဗုက္ကိ၊ ဗုက္ကိသား ဩဇိ၊ ဩဇိသား ဇေရဟိ၊

52. ဇေရဟိသားမရာယုတ်၊ မရာယုတ်သားအာမရိ၊ အာမရိသား အဟိတုပ်၊

၁ ရာ​ချုပ် 6