၁ ရာ​ချုပ် 6:26-32 Judson Bible (BJB)

26. အာမသဲသား ဇောဖဲ၊ ဇောဖဲသား နာဟတ်၊

27. နာဟတ်သား ဧလျာဘ၊ ဧလျာဘသား ယေရောဟံ၊ ယေရောဟံသား ဧလကာန၊ ဧလကာနသား ရှမွေလတည်း။

28. ရှမွေလသားဦးကား ယောလ၊ ဒုတိယသား အဘိယတည်း။

29. မေရာရိသားကားမဟာလိ၊ မဟာလိသား လိဗနိ၊ လိဗနိသား ရှိမိ၊ ရှိမိသားဩဇ၊

30. ဩဇသားရှိမာ၊ ရှိမာသား ဟဂ္ဂျာ၊ ဟဂ္ဂျာသား အသာယတည်း။

31. ထာဝရဘုရား၏ သေတ္တာတော်သည် ငြိမ်ဝပ်သောအခါ၊ အိမ်တော်၌ သီချင်းဆိုရာ အမှုတော်ကို စောင့်စေခြင်းငှါ၊ ဒါဝိဒ်မင်းခန့်ထားသောသူတို့သည်၊

32. ယေရုရှလင်မြို့၌ ဗိမာန်တော်ကို ရှောလမုန်မတည်မှီ ကာလပတ်လုံး၊ ပရိသတ်စည်းဝေးရာ တဲတော်တည်ရာအရပ်၌ သီချင်းဆိုလျက် အမှုတော်ကို စောင့်ကြ၏။ ဗိမာန်တော်ကို တည်ပြီးသောနောက်၊ မိမိတို့ အလှည့်အတိုင်း စောင့်ရသောအမှုကို စောင့်လျက်နေကြ၏။

၁ ရာ​ချုပ် 6