၁ ရာ​ချုပ် 28:15-19 Judson Bible (BJB)

15. ရွှေမီးခုံနှင့်ရွှေမီးခွက်အသီးအသီးအဘို့၊ ငွေမီးခုံ နှင့် ငွေမီးခွက်အသီးအသီး သုံးစရာရှိသည်အတိုင်း ရွှေငွေကို ချိန်၍ အပ်တော်မူ၏။

16. ရှေ့တော်မုန့်တင်စရာရွှေစားပွဲနှင့် ငွေစားပွဲ အသီးအသီးအဘို့ ရွှေငွေကိုချိန်၍ အပ်တော်မူ၏။

17. အမဲသားချိတ်၊ အင်တုံ၊ ဖလားများအဘို့ ရွှေစင် ကို၎င်း၊ ရွှေလင်ပန်းနှင့် ငွေလင်ပန်းအသီးအသီးအဘို့ ရွှေငွေကို၎င်း၊ ချိန်၍အပ်တော်မူ၏။

18. နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင်အဘို့ ရွှေစင်ကို ၎င်း၊ အတောင်တို့ကို ဖြန့်၍ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို လွှမ်းမိုးသော ခေရုဗိမ်ရထားတော်ပုံ အဘို့ရွှေကို၎င်း၊ ချိန်၍အပ်တော်မူ၏။

19. ထိုပုံများရှိသမျှတို့ကို ရေးထားသည်အတိုင်း၊ နားလည်နိုင်သော ဥာဏ်ပညာကို ထာဝရဘုရားသည် ပေးတော်မူ၏။

၁ ရာ​ချုပ် 28