၁ ရာ​ချုပ် 23:21-24 Judson Bible (BJB)

21. မေရာရိသားကားမဟာလိနှင့် မုရှိတည်း။ မဟာလိသားကား ဧလာဇာနှင့် ကိရှတည်း။

22. ဧလာဇာသည်သားမရှိ။ သမီးသက်သက်ရှိ၍ သေ၏။ သူ့သမီးတို့နှင့်သူ့ညီကိရှသားတို့သည် စုံဘက် ကြ၏။

23. မုရှိသားကား မဟာလိ၊ ဧဒါ၊ ယေရိမုတ်၊ ပေါင်း သုံးယောက်တည်း။

24. ဤရွေ့ကားအသက်နှစ်ဆယ်လွန်၍ ထာဝရ ဘုရား၏ အိမ်တော်အမှုကို ဆောင်ရွက်ရသော လေဝိ အမျိုးသား အဆွေအမျိုးအလိုက် စာရင်းဝင်သော အဆွေ အမျိုးသူကြီးဖြစ်သတည်း။

၁ ရာ​ချုပ် 23