၁ ရာ​ချုပ် 23:15-23 Judson Bible (BJB)

15. မောရှေသားကားဂေရရှုံနှင့် ဧလျေဇာတည်း။

16. ဂေရရှုံသားတို့တွင်၊ ရှေဗွေလသည် အကြီး ဖြစ်၏။

17. ဧလျေဇာသားအကြီးရေဟဘိ တယောက်တည်း ရှိ၏။ ရေဟဘိ၌ကား သားအလွန်များ၏။

18. ဣဇဟာသားအကြီးကားရှေလောမိတ်၊

19. ဟေဗြုန်သားအကြီးကားယေရိ၊ ဒုတိယသား အာမရိ၊ တတိယ သားယဟာဇေလ၊ စတုတ္ထသားယေကမံ၊

20. ဩဇေလသားအကြီးကားမိက္ခာ၊ ဒုတိယသား ယေရှိတည်း။

21. မေရာရိသားကားမဟာလိနှင့် မုရှိတည်း။ မဟာလိသားကား ဧလာဇာနှင့် ကိရှတည်း။

22. ဧလာဇာသည်သားမရှိ။ သမီးသက်သက်ရှိ၍ သေ၏။ သူ့သမီးတို့နှင့်သူ့ညီကိရှသားတို့သည် စုံဘက် ကြ၏။

23. မုရှိသားကား မဟာလိ၊ ဧဒါ၊ ယေရိမုတ်၊ ပေါင်း သုံးယောက်တည်း။

၁ ရာ​ချုပ် 23