၁ ရာ​ချုပ် 2:4-18 Judson Bible (BJB)

4. ချွေးမတာမာတွင် မြင်သောသားကား ဖာရက်နှင့် ဇာရတည်း။ ယုဒသားပေါင်းကား ငါးယောက်တည်း။

5. ဖာရက်သားကား ဟေဇရုံနှင့် ဟာမုလတည်း။

6. ဇာရသားကား ဇိမရိ၊ ဧသန်၊ ဟေမန်၊ ကာလကောလ၊ ဒါရ၊ ပေါင်းငါးယောက်တည်း။

7. ဇိမရိသားဖြစ်သော ကာမိ၏သားကား ကျိန်ဆဲ အပ်သောအရာကိုယူ၍ ပြစ်မှားသဖြင့်၊ ဣသရေလအမျိုးကို နှောင့်ရှက်သော အာခန်တည်း။

8. ဧသန်သားကား အဇရိတည်း။

9. ဟေဇရုံမြင်သောသားကား ယေရမေလ၊ အာရံ၊ ကာလက်တည်း။

10. အာရံသားကား အမိနဒပ်၊ အမိနဒပ်သားကား၊ ယုဒအမျိုးသားတို့တွင် ဗိုပ်လုပ်သော နာရှုန်တည်း။

11. နာရှုန်သားစာလမုန်၊ စာလမုန်သားဗောဇ၊

12. ဇောဇသားဩဗက်၊ ဩဗက်သားယေရှဲတည်း။

13. ယေရှဲသားဦးကားဧလျာဘ၊ ဒုတိယသား အဘိနဒပ်၊ တတိယသားရှိမာ၊

14. စတုတ္ထသား နာသနေလ၊ ပဥ္စမသား ရဒ္ဒဲ၊

15. ဆဋ္ဌမသားဩဇင်၊ သတ္ထမသား ဧလိဟု၊ အဋ္ဌမသားဒါဝိဒ်တည်း။

16. သူတို့နှမကား ဇေရုယာနှင့် အဘိဂဲလတည်း။ ဇေရုယာသားကားအဘိရှဲ၊ ယွာဘ၊ အာသဟေလ၊ ပေါင်းသုံးယောက်တည်း။

17. အဘိဂဲလသားကား အာမသ၊ အာမသအဘကား ဣရှမေလအမျိုးယေသာတည်း။

18. ဟေဇရုံသားကာလက်သည် မယားအဇုဘနှင့် ယေရုတ်တွင် မြင်သောသားကား ယေရှာ၊ ရှောဗပ်၊ အာဒုန်တည်း။

၁ ရာ​ချုပ် 2