၁ ရာ​ချုပ် 2:2-7 Judson Bible (BJB)

2. ဒန်၊ ယောသပ်၊ ဗင်္ယာမန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။

3. ယုဒသည် ခါနာန်အမျိုးဖြစ်သော ရှုအာသမီးတွင် မြင်သော သားကား ဧရ၊ ဩနန်၊ ရှေလတည်း။ ယုဒသားကြီးဧရသည် ထာဝရဘုရားရှေ့တော်၌ ဆိုးသောသူဖြစ်၍ ကွပ်မျက်တော်မူခြင်းကို ခံရ၏။

4. ချွေးမတာမာတွင် မြင်သောသားကား ဖာရက်နှင့် ဇာရတည်း။ ယုဒသားပေါင်းကား ငါးယောက်တည်း။

5. ဖာရက်သားကား ဟေဇရုံနှင့် ဟာမုလတည်း။

6. ဇာရသားကား ဇိမရိ၊ ဧသန်၊ ဟေမန်၊ ကာလကောလ၊ ဒါရ၊ ပေါင်းငါးယောက်တည်း။

7. ဇိမရိသားဖြစ်သော ကာမိ၏သားကား ကျိန်ဆဲ အပ်သောအရာကိုယူ၍ ပြစ်မှားသဖြင့်၊ ဣသရေလအမျိုးကို နှောင့်ရှက်သော အာခန်တည်း။

၁ ရာ​ချုပ် 2