1. ဒါဝိဒ်သည် ကိရှ၏သားရှောလုကို ရှောင်၍ ဇိကလတ်မြို့၌ နေစဉ်၊ သူ့ဘက်သို့ဝင်စားသောသူ၊
2. လေးလက်နက်ကို ဆောင်၍လက်ျာဘက်လက်ဝဲလက်မရွေး၊ ကျောက်နှင့်မြှားကို ပစ်တတ်သော စစ်သူရဲကြီး၊ ရှောလု ပေါက်ဘော် ဗင်္ယာမိန်အမျိုးသားဟူမူကား၊
3. အကြီးအကဲ အဟေဇာ၊ သူ့နောက်ယောရှ၊ ဂိဗာမြို့သားရှေမာ၊ အာဇမာဝက်သား ယေဇေလနှင့် ပေလက်၊ ဗေရာခ၊ အန္တောသိအမျိုး ယေဟု၊