၁ ရာ​ချုပ် 1:42-48 Judson Bible (BJB)

42. ဧဇာဘသားကား ဗိလဟန်၊ ဇာဝန်၊ အာကန်တည်း။ ဒိရှန်သားကား ဥဇနှင့် အာရန်တည်း။

43. ဣသရေလအမျိုး၌ အစိုးရသောမင်းကြီးမရှိမှီ ဧဒုံပြည်၌ အစိုးရသော မင်းကြီးဟူမူကား၊ ဗောရသားဗေလသည် ဒိန္နာဗာမြို့၌မင်းပြု၏။

44. ဗေလမင်းသေ၍ သူ၏အရာ၌ ဗောဇရ အရပ်သား ဇေရ၏သားယောဗပ်သည် မင်းပြုလေ၏။

45. ယောဗပ်မင်းသေ၍ သူ၏အရာ၌ တေမာနိအရပ်သား ဟုရှံသည် မင်းပြုလေ၏။

46. ဟုရှံမင်းသေ၍ မောဘလွင်ပြင်၌ မိဒျန်လူတို့ကို လုပ်ကြံသောသူ၊ ဗေဒဒ်သားဟာဒဒ်သည် ဟုရှံအရာ၌မင်းပြုလေ၏။ မြို့တော်ကား အာဝိတ်မြို့တည်း။

47. ဟာဒဒ်မင်းသေ၍ သူ၏အရာ၌မာသရက် အရပ်သားစာမလသည် မင်းပြုလေ၏။

48. စာမလမင်းသေ၍ သူ၏အရာ၌ မြစ်နားမှာနေသော ရဟောဘုတ်အရပ်သား ရှောလသည် မင်းပြုလေ၏။

၁ ရာ​ချုပ် 1