9. ဒါဝိဒ်နှင့် သူ၌ ပါသော လူခြောက်ရာတို့သည် သွား၍ ဗေသော်ချောင်းသို့ ရောက်သောအခါ၊ အချို့တို့သည် ထိုချောင်းနားမှာ နေရစ်ကြ၏။
10. ဒါဝိဒ်နှင့် လူလေးရာတို့သည် လိုက်ကြ၏။
11. လွင်ပြင်၌ အဲဂုတ္တု လူတယောက်ကို တွေ့၍ ဒါဝိဒ်ထံသို့ ဆောင်ခဲ့သဖြင့်၊ မုန့်ကိုပေး၍ ထိုသူသည် စား၏။ ရေကိုလည်းသောက်စေကြ၏။
12. သင်္ဘောသဖန်းသီး ပျဉ်တဖဲ့၊ စပျစ်သီးနှစ်ပြွတ်ကိုလည်း ပေး၍ သူသည် စားသဖြင့် အားပြည့်ပြန်၏။ သုံးရက်ပတ်လုံး မစားမသောက်ဘဲ ငတ်မွတ်ခဲ့ပြီ။