၁ ရာ 23:20-23 Judson Bible (BJB)

20. အရှင်မင်းကြီးကြွချင်သော စိတ်အားကြီးသည် အတိုင်းကြွတော်မူပါ။ ထိုသူကို အရှင်မင်းကြီး လက်တော်သို့အပ်သော အမှုသည် ကျွန်တော်တို့တာရှိပါစေဟု လျှောက်လျှင်၊

21. ရှောလုက၊ သင်တို့သည် ထာဝရဘုရား ကောင်းကြီးပေးတော်မူသောသူ ဖြစ်ပါစေသော။ သင်တို့သည် ငါ့ကိုသနားကြပြီ။

22. ယခုသွား၍ ပြင်ဆင်ကြလော့။ သူ ပုန်းရှောင်၍ နေရာကို၎င်း၊ အဘယ်သူ မြင်ပြီးသည်ကို၎င်း၊ စူးစမ်းကြလော့။ သူသည် အလွန်လိမ္မာသည်ကို ငါကြား၏။

23. ထိုကြောင့် သူပုန်းရှောင်ခိုလှုံရာ အရပ်ရပ်တို့ကို သေချာစွာကြည့်ရှုသိမှတ်ပြီးမှ၊ ငါ့ထံသို့ တဖန်လာကြလျှင်၊ သင်တို့နှင့် အတူငါလိုက်မည်။ သူသည်ထိုပြည်၌ ရှိလျှင်၊ ယုဒအမျိုးသား အထောင်အသောင်းတို့တွင် ငါရှာ၍ ထုတ်မည်ဟု မှာထားသည်အတိုင်း၊

၁ ရာ 23