၁ တိ 4:2-9 Judson Bible (BJB)

2. လှည့်ဖြားတတ်သော စိတ်ဝိညာဉ်တို့၌၎င်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော ဩဝါဒ တို့၌၎င်း မှီဝဲဆည်းကပ်ကြလိမ့်မည်။

3. မင်္ဂလာဆောင်ခြင်းအမှုကို မပြုရဟူ၍၎င်း၊ ယုံကြည်၍ သမ္မာတရားကို သိသောသူတို့သည် ကျေးဇူး တော်ကို သိသောစိတ်နှင့်တကွ သုံးဘို့ရာ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော အစာမျိုးကိုရှောင်ရမည်ဟူ၍၎င်း ပညတ်ထားကြလိမ့်မည်။

4. ဘုရားသခင်ဖန်ဆင်းတော်မူသမျှသည် သုံးစရာကောင်း၏။

5. ကျေးဇူးတော်ကို သိသောစိတ်နှင့်ခံယူလျှင်၊ အဘယ်အရာကိုမျှ မပယ်မရှောင်ရ။ အကြောင်းမူကား၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်အားဖြင့်၎င်း၊ ဆုတောင်းခြင်းအားဖြင့်၎င်း၊ အရာရာတို့သည် စင်ကြယ်လျက်ရှိကြ၏။

6. ဤစကားများကို သင်သည် ညီအစ်ကိုတို့အား ကြားပြောလျှင်၊ ယုံကြည်ချက်စကား၊ ကိုယ်တိုင် ရှာဖွေလေ့ကျက်သော သမ္မာဩဝါဒစကားနှင့် မွေးပြုခြင်းကို ခံသောယေရှုခရစ်၏ ဓမ္မဆရာကောင်းဖြစ်လိမ့်မည်။

7. မိန်းမအိုပြောတတ်သော တရားမဲ့ဖြစ်သော ဒဏ္ဍာရီစကားကို ပယ်ရှား၍ ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့် ကိုယ်ကိုကိုယ်ဆုံးမလော့။

8. ကိုယ်ကာယကိုဆုံးမခြင်းသည် များစွာသော အကျိုးကို မပေးတတ်။ ဘုရားဝတ်၌ မွေ့လျော်ခြင်းမူကား၊ ယခုဘဝ၊ နောင်ဘဝနှင့် စပ်ဆိုင်သောဂတိတော်ကို ရသည်ဖြစ်၍၊

9. အရာရာ၌ အကျိုးကိုပေးတတ်သည်ဟူသော စကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ်သောစကားလည်းဖြစ်၏။

၁ တိ 4