၁ ကော 5:6-9 Judson Bible (BJB)

6. သင်တို့၏ ဝါကြွားခြင်းသည် မကောင်းမသင့် ဖြစ်၏။ အနည်းငယ်သောတဆေးသည် မုန့်စိမ်းတပုံလုံး ကို ဖောင်းကြွစေတတ်သည်ကို မသိကြသလော။

7. သင်တို့သည် တဆေးမဲ့ဖြစ်သည်နှင့်အညီ၊ အသစ်သော မုန့်စိမ်းဖြစ်မည်အကြောင်း၊ ဟောင်းသော တဆေးကို သုတ်သင်ပယ်ရှင်းကြလော့။ အကြောင်းမူ ကား၊ ခရစ်တော်တည်းဟူသော ငါတို့ပသခါ သိုးသငယ် သည် ငါတို့အဘို့ ယဇ်ပူဇော်ရာဖြစ်၏။

8. ထိုကြောင့်၊ ဟောင်းသောတဆေး၊ ဆိုးညစ် မိုက်မဲခြင်းတဆေးတို့ကို ပယ်ပစ်၍၊ တဆေးမဲ့မုန့်တည်း ဟူသော ကြည်ဖြူခြင်း၊ သစ္စာစောင့် ခြင်းနှင့်ပွဲခံကြ ကုန်အံ့။

9. သင်တို့သည် မတရားသော မေထုန်၌ မှီဝဲသော သူတို့နှင့် မပေါင်းဘော်မည်အကြောင်း၊ အထက်ဩဝါဒ စာ၌ ငါရေးထားခဲ့ပြီ။

၁ ကော 5