ဟေ​ရှာ​ယ 56:9-11 Judson Bible (BJB)

9. အို လယ်ပြင်သားအပေါင်းနှင့် တော၌လည်သော သားရဲအပေါင်းတို့၊ ကိုက်စားခြင်းငှါ လာကြလော့။

10. သူ၏ကင်းစောင့်တို့သည် မျက်စိကန်းကြ၏။ ရှိသမျှတို့သည် မိုက်ကြ၏။ အ၍မဟောင်နိုင်သော ခွေး၊ ယောင်ယမ်းသောခွေး၊ အိပ်လျက်အိပ်ချင်အားကြီးသော ခွေးဖြစ်ကြ၏။

11. စားချင်အားကြီး၍ ဝမ်းမပြည့်နိုင်သော ခွေးလည်း ဖြစ်ကြ၏။ သိုးထိန်းတို့သည်လည်း မကြည့်မရှု တတ်ကြ။ ထိုသိုးထိန်းရှိသမျှတို့သည် လမ်းလွှဲ၍ မိမိတို့ လမ်းသို့ လိုက်ကြပြီ။ တယောက်မျှမကြွင်း၊ တညီတညွတ် တည်း ကိုယ်အကျိုးစီးပွားကိုသာ ရှာကြ၏။

ဟေ​ရှာ​ယ 56