ဟေ​ရှာ​ယ 56:5-8 Judson Bible (BJB)

5. သားသမီးတို့ ထက်မြတ်သောအရာ၊ မြတ်သော နာမကို ငါ့အိမ်၊ ငါ့တန်တိုင်းအတွင်း၌ ငါပေးမည်။ မပျောက်နိုင်သော ထာဝရနာမကို သူတို့အား ငါပေးမည်။

6. ထာဝရဘုရားထံ၌ အမှုစောင့်ခြင်း၊ နာမတော်ကို ချစ်ခြင်း၊ ကျွန်တော်ရင်းဖြစ်ခြင်းအလိုငှါ၊ ထာဝရ ဘုရား၌မှီဝဲသော တပါးအမျိုးသားတို့ကို၎င်း၊ ဥပုသ်နေ့ကို မရှုတ်ချ၊ စောင့်ရှောက်၍၊ ငါ၏ပဋိညာဉ်ကို စွဲလမ်းသော သူအပေါင်းတို့ကို၎င်း၊

7. ငါ၏သန့်ရှင်းသော တောင်သို့ ငါဆောင်ခဲ့၍၊ ငါ၏ပဌနာအိမ်၌ ဝမ်းမြောက်စေမည်။ သူတို့ မီးရှို့ရာ ယဇ်နှင့် ယဇ်အမျိုးမျိုးတို့ကို ငါ့ယဇ်ပလ္လင်ပေါ်မှာ လက်ခံမည်။ ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာ အိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့။

8. အရပ်ရပ်၌ ကွဲပြားသော ဣသရေလအမျိုးသားတို့ကို စုဝေးစေသော အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ စုဝေးပြီးသော သူများမှတပါး အခြားသော သူတို့ကို ထိုအစုအဝေး၌ ငါစုဝေးစေဦးမည်ဟု မိန့်တော် မူ၏။

ဟေ​ရှာ​ယ 56